ရှေ့သို့
Image

ရီးရဲလ်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကိုင်လီဝေါ်ကာကို သားရဲတစ်ကောင်လို့ ကင်ပွန်းတပ်လိုက်တဲ့ အွန်နရီ

10:29 AM, 19 May

အာဆင်နယ် ဂန္ထဝင်ဟောင်း အွန်နရီက ရီးရဲလ်နဲ့ပွဲမှာ တောင်ပံကစားသမား ဗင်နီစီးယက်စ်ကို တားဆီးနိုင်ခဲ့တဲ့ ကိုင်လီဝေါ်ကာကို သားရဲတစ်ကောင်လို့ ကင်ပွန်းတပ်လိုက်ပါတယ်။ မန်စီးတီးညာနောက်ခံလူဟာ အီတီဟက်မှာ ကစားခဲ့တဲ့ပွဲအတွင်း ခြေစွမ်းပြပြီး ဂျူနီယာကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားရဲ့စွမ်းဆောင်ရည်ကို အွန်နရီက သဘောကျနေပြီး “ဝေါ်ကာက သားရဲတစ်ကောင်လိုပါပဲ။ သူနဲ့ယှဉ်ပြေးမယ်ဆိုရင် မင်းရှုံးမှာ သေချာပါဘူး။ ဒီနေရာမှ သူဟာ ဗင်နီဆီးယက်စ်နောက်မှာ ကျန်ခဲ့ပေမယ့် သူ့ကိုအမီလိုက်ဖမ်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ဘောလုံးယူပြီး ဘိုင့်လို့ပြောခဲပါတယ်။ သူတကယ်ကိုကောင်းခဲ့ပါတယ်။ သူကမ္ဘာ့ဖလားကွာတားဖိုင်နယ်တုန်းကလည်း ဗင်နီဆီးယက်စ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကစားသမားတော်တော်များများကို သူထိန်းချုပ်နိုင်သလို သူနဲ့ယှဉ်ကစားရတာ မလွယ်ပါဘူး။ မင်းအနေနဲ့ သူ့ကို ချီးကျူးရမှာပါ”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီနေ့ပွဲမှာ အကောင်းဆုံးလုပ်နိုင်ခဲ့သလို လူကောင်လည်းကြီးတာကြောင့် သူ့ကိုရုပ်ပိုင်းဆိုင်ရာအရ အသာစီးယူနိုင်ခဲ့ပါတယ်။ သူက တကယ်ကောင်းပါတယ်။ ဒါပေမယ့် မင်းအနေနဲ့ ခွန်အားကို သုံးရသလို ကျွန်တော် သူ့ကိုတားဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအသင်းမှာ ကျွန်တော်ရောက်ပြီးကတည်းက လူတိုင်းက သူ့နေရာအတွက် သူတာဝန်ယူမှုအပြည့်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မှာ ဂျက် ၊ ဒီဘရိုင်း နဲ့ ဟာလန်းတို့ရှိပေမယ့် ကစားသမားတစ်ဦးတည်းအပေါ် မမီခိုပါဘူး။ ရီးရဲလ်မှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ဗင်နီဆီးယက်စ်က သူတို့ရဲ့အကောင်းဆုံးကစားသမားပါ”လို့ ဝေါ်ကာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ဇွန်လမှာ အင်တာမီလန်နဲ့ ကန်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #အာဆင်နယ် #ရီးရဲလ်မက်ဒရစ် #ကိုင်လီဝေါ်ကာ #ချန်ပီယံလိဂ် #အွန်နရီ