ရှေ့သို့
Image

ခြေချင်းဝတ် ဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲစဉ် ၂ ပွဲကို လွဲချော်တော့မယ့် မာတင်နယ်လီ

2:20 PM, 18 May

ပြင်းထန်တဲ့ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးမာတင်နယ်လီဟာ အသင်းရဲ့ ရာသီလက်ကျန်ပွဲစဉ် ၂ ပွဲကို လွဲချော်ရတော့မယ်လို့ ESPN သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရိုက်တန်ကို သုံးဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အသက်-၂၁ နှစ်အရွယ်တိုက်စစ်မှူးက အခုဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။

မာတင်နယ်လီဟာ သီတင်းပတ်များစွာ အနားယူရဖွယ်ရှိတယ်လို့ အစောပိုင်းမှာ ခန့်မှန်းခဲ့ကြပေမယ့် လာမယ့်ဇူလိုင်လအတွင်း အာဆင်နယ် အသင်းရဲ့ရာသီကြိုပြင်ဆင်မှုတွေမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မယ့် အလားအလားတွေကို မြင်တွေ့နေရပါတယ်။

ဘရာဇီးသားတိုက်စစ်မှူးက လာမယ့်စနေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်နဲ့ ဝုဗ်ကို အိမ်ကွင်းမှာဧည့်ခံကစားရမယ့် အာဆင်နယ်ရဲ့ရာသီပိတ်ပွဲစဉ်ကိုတော့ လွဲချော်မှာဖြစ်ပါတယ်။

မာတင်နယ်လီက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူးက အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲလုံးကို ပါဝင်ကစားပေးခဲ့ပြီး ၁၅ ဂိုးသွင်းကာ ၅ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ ဘရာဇီးကလပ် ဆော်ပေါ်လိုမှ မြောက်လန်ဒန်ကလပ်ဆီ ရောက်ရှိလာတဲ့ မာတင်နယ်လီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာပဲ အသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

#အာဆင်နယ် #မာတင်နယ်တီ #ပရီးမီးယားလိဂ်