ရှေ့သို့
Image

သူ ဂိုးမပေးချင်တဲ့ ပရီးမီးယားလိဂ် ကစားသမားတစ်ဦးနာမည်ကို ရမ်စ်ဒေးလ် ထုတ်ဖော်ပြောကြား

11:30 AM, 18 May

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က မိမိအနေနဲ့ လီဗာပူးနောက်ခံလူ အာနိုးလ်ရဲ့ဂိုးသွင်းမခံချင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ရမ်စ်ဒေးလ်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၁၃ ပွဲအထိ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ကာ အာဆင်နယ်ကို အဆင့် ၂ နေရာမှာ ရပ်တည်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အီယန်ရိုက်နဲ့ အင်တာဗျူးမှာ ရမ်စ်ဒေးလ်က မိမိအနေနဲ့ အာနိုးလ်ရဲ့သွင်းဂိုးကို ခွင့်မပြုချင်ဘူးလို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြိုင်ဘက်တွေက ကျွန်တော့်သူငယ်ချင်းတွေပါ။ အဲ့ထဲမှာ အာနိုးလ်ကို ဂိုးမပေးချင်ပါဘူး။ သူက ကျွန်တော့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေထဲက တစ်ဦးပါ”လို့ အသက် ၂၅ နှစ်သားက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားက နိုင်ငံအသင်းဖော် အာနိုးလ်နဲ့ ချန်ပီယံဆုအတွက် စကားပြောဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “လိဂ်က အခုဆိုထင်ရှားလာပါပြီ။ ကျွန်တော်တို့စကားပြောဖြစ်ပါတယ်။ စီးတီးက နီးစပ်လာခဲ့ပြီး သူတို့ ခရစ္စမတ်တုန်းက သူတို့လိုက်မီခဲ့မယ်ဆိုရင် ပွဲပြီးလောက်ပါပြီ။ သူတို့က တစ်ခါလောက်နိုင်လိုက်ပြီဆိုရင် ရပ်တန့်မရတော့ပါဘူး။ သူတို့က အမှားမလုပ်တော့သလို ကြောက်ရွံ့မှုလည်း မရှိပါဘူး။ အတက်အကျလည်းမရှိသလို အာဆင်နယ်က စိတ်လှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အမှတ်လျော့လို့ပါ။ စီးတီးက အခုဆိုရပ်တန့်မရတော့ပါဘူး”လို့ ရမ်စ်ဒဲလ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က စီးတီးကို ဖိအားလိုက်ပေးနိုင်ခဲ့ပေမယ့် ဘရိုက်တန်ကို ၃ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဂွါဒီယိုလာရဲ့အသင်းက ချန်ပီယံဆုရယူနိုင်ဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ #လီဗာပူး #အာဆင်နယ် #အာနိုးလ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်