ရှေ့သို့
Image

စီးရီးအေ တိုက်စစ်မှူး အေဘရာဟမ်အား ချဲလ်ဆီးသို့ ပြန်လာရန် ဆွဲဆောင်နေတဲ့ ရီစီဂျိမ်း

11:26 AM, 18 May

ရိုးမားအသင်း တိုက်စစ်မှူးဖြစ်သူ အေဘရာဟမ်သည် ယခုနွေရာသီတွင် ပရီးမီးယားလိဂ်သို့ ပြန်လာရန် စီစဉ်နေကြောင်း အီတလီရှိ သတင်းများအရ သိရှိရပြီး ၎င်းအား ချဲလ်ဆီးနှင့် ယူနိုက်တက်တို့မှ ချိတ်ဆက်မှုများ ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းသည် အေဗရာဟမ်ကိုရောင်းချခဲ့စဉ်က စာချုပ်တွင် ယူရိုသန်း ၈၀ ဖြင့်တန်ပြန်ဝယ်ယူရေးအချက် ပါရှိနေသည်ဟုယုံကြည်ရပြီး အေဘရာဟမ်အနေဖြင့် ချဲလ်ဆီးတွင် ဒုတိယအကြိမ်ပြန်လည်ကစားနိုင်မည့်အခွင့်အရေးကို စဉ်းစားနေကြောင်းသိရပါတယ်။

အေဘရာဟမ်သည် ၂၀၂၁ ခုနှစ်တွင် ရိုးမားအသင်းသို့ပြောင်းရွှေ့လာပြီးနောက် အသင်းအား ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်စေရန် အဓိကကူညီပေးခဲ့ပြီး နည်းပြ မော်ရင်ဟို၏ လက်အောက်တွင် အထင်ကြီးစရာခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်သည် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယ အကျော့တွင် ဘိုင်ယာလေဗာကူဆင်နှင့် မကစားမီ ရိုးမားအတွက် ၁၀၂ ပွဲကစားကာ ၃၆ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးထားသူဖြစ်ပါတယ်။ ဒါပေမယ့် အီတလီမီဒီယာတွေက သူ အင်္ဂလန်ကို ပြန်လာဖို့ လမ်းစပေါ်နေပြီလို့ သတင်းတွေ ထွက်နေတာကြောင့် အေဘရာဟမ်ဟာ တိုက်စစ်မှူးသစ် လိုအပ်နေတဲ့ ချဲလ်ဆီးအသင်းထံ ပြန်လည်ရောက်ရှိဖို့ ပြင်ဆင်ဖွယ်ရှိနေပါတယ်။ အေဘရာဟမ်သည် ချဲလ်ဆီးအသင်း၏ လူငယ်အကယ်ဒမီတွင် တိုးတက်အောင်မြင်ခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ၈၂ ပွဲ ကစားကာ ဂိုး ၃၀ သွင်းယူထားခဲ့သူလည်းဖြစ်ပါတယ်။

"ကျွန်တော် ချဲလ်ဆီးကနေ မထွက်ခွာခင်လေးမှာပဲ တိုမိုရီ က အေစီမီလန်ကို သွားခဲ့ပြီး သူနဲ့ ကျွန်တော်တို့ အများကြီး စကားပြောခဲ့ပါတယ်။ ဖုန်းပြောတာကို မှတ်မိတယ်၊ ဖြစ်ပျက်နေတာကို ဘယ်သူမှ မယုံနိုင်ဘူး။ ကျွန်တော်တို့ ချဲလ်ဆီးမှာ အမြဲတမ်းရှိနေခဲ့ပြီး တစ်ခဏလေးအတွင်းမှာပဲ ကျွန်တော် ချဲလ်ဆီးနဲ့ ဝေးရာကိုသွားခဲ့ပါတယ်။ ကျွန်တော်သိထားသမျှက ချဲလ်ဆီးအသင်းမှာ အငှားနဲ့ပြောင်းရွှေ့လာတဲ့သူတွေကို တိုက်စစ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုနေရပါတယ်။ ဒါကြောင့်အခုအချိန်မှာ ကျွန်တော် ထွက်ခွာဖို့ အချိန်တန်နေပြီလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ခြေလှမ်းတစ်လှမ်းတိုးဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ အကယ်ဒမီကနေ ထွက်လာတဲ့ ကစားသမား ဒါမှမဟုတ် လူငယ်ကစားသမားလို့ မယူဆစေချင်ပါဘူး။ အတောင်ပံဖြန့်ဖို့ အချိန်တန်ပါပြီ။ ကျွန်တော် ချဲလ်ဆီး ကစားသမား တော်တော်များများနဲ့ စကားပြောနေတုန်းပဲ၊ ရီစီဂျိမ်းစ် က ကျွန်တော့်ကို ပြန်လာဖို့ အမြဲပြောခဲ့ပါတယ်။ ချဲလ်ဆီးအကယ်ဒမီမှာ ရီစီဂျိမ်း၊ မေဆင်မောင့်၊ ဒီကလန်ရိုက်နဲ့ နကီတီယာတို့နဲ့လည်း အတူတူ ကြီးပြင်းလာခဲ့ပြီး ကျွန်တော်တို့အချင်းချင်း နှစ်အတော်ကြာ သိလာခဲ့ကြပါတယ်"လို့ အေဗရာဟမ် ကပြောကြားခဲ့ပါတယ်။

#အေစီမီလန် #အပြောင်းအရွှေ့ #ရီစီဂျိမ်းစ် #အေဘရာဟမ်