ရှေ့သို့
Image

တော့ဘိုလီရဲ့ ကစားသမားခေါ်ယူမှု အမှားတွေကို ပိုချက်တီနို ဘယ်လိုဖြေရှင်းမလဲဆိုတာ မသိပါဘူးလို့ ပြောကြားလိုက်တဲ့ နဗီးလ်

10:37 AM, 17 May

ချဲလ်ဆီးအသင်းကို တာဝန်ယူလိုက်တဲ့အခါမှာတော့ ပိုချက်တီနိုဟာ အသင်းပိုင်ရှင်နဲ့ ကစားသမားခေါ်ယူမှု အမှားတွေကို ဖြေရှင်းရတော့မှာဖြစ်ပါတယ်။

အာဂျင်တီးနားသားအနေဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချက်ချင်းအကျိုးသက်ရောက်မှုရှိဖို့ နဗီးလ်က အကြုံပေးပြောကြားလိုက်ပြီး နည်းပြသစ်အနေနဲ့ အသင်းရဲ့ ကွင်းအတွင်းနဲ့ ပြင်ပ ကိစ္စရပ်တွေအတွက် အဖြေရှာရမှာဖြစ်ပါတယ်။ အသင်းပိုင်ရှင်တွေရဲ့ အဝတ်လဲခန်းအတွင်းသို့ ဝင်ရောက်လာတဲ့ ကိစ္စမျိုးက နောက်ထပ်ရှိလာတော့မှာ မဟုတ်ဘူးလို့ ပိုချက်တီနိုရဲ့ အသင်းနှင့် ၃ နှစ် သက်တမ်းရှိစာချုပ် မချုပ်မီ  နဗီးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။

"ကျွန်တော်က ပိုချက်တီနီုကို သဘောကျပါတယ်။ ချဲလ်ဆီးသာ ပိုချက်တီနိုကို ခေါ်ယူခဲ့ပြီး အသင်းကို ပြန်လည်ပြုပြင်မယ်၊ ကစားသမားသစ် ၁ ဦး ၂ ဦးလောက် ထပ်ခေါ်မယ်ဆိုရင် လာမယ့်ရာသီမှာ အရမ်းကို ကောင်းသွားမှာဖြစ်တယ်လို့ ကျွန်တော် ပြောဖူးပါတယ်" "ချဲလ်ဆီး အနေနဲ့ လိဂ်ရဲ့ထိပ်ဆုံးသို့ ပြန်မရောက်နိုင်ဘူးလို့ တွေးမိရင် ပိုချက်တီနိုအနေနဲ့ ဒီအလုပ်ကို လက်ခံမှာမဟုတ်ပါဘူး" "ဒါကို သူက တော့တင်ဟမ်မှာလည်း လုပ်ပြခဲ့ဖူးပါတယ်၊ ချဲလ်ဆီးရှိ အခြေအနေတွေက တူညီနေတာတော့မဟုတ်ပါဘူး။ အသင်းရှိကစားသမားတွေက သူ့အကြိုက်ထက် ပိုများနေတာ ဒါမှမဟုတ် အသက်ကြီးနေတာတွေရှိပါတယ်။ သို့သော်လည်း သူက ဒါတွေကို မြန်မြန်အသားကျအောင်လုပ်ရမျာပါ" "သူ့ကို စောစောခန့်အပ်လိုက်တာက ရာသီကြိုပြင်ဆင်မှု ကစားသမားခေါ်ယူမှုနဲ့ အသားကျဖို့အတွက် အချိန်ကောင်းကောင်းရစေပါတယ်။ သူ့ရဲ့စိုးရိမ်မှုက အသင်းပိုင်ရှင်ရဲ့ အဝတ်လဲခန်းသို့ ဝင်ရောက်စွက်ဖက်မှုဖြစ်ပြီး ဒါမျိုးကို သူကလက်ခံသွားမှာမဟုတ်ပါဘူး" "ဒါက ကောင်းတဲ့အရွှေ့တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒီခန့်အပ်မှုကို ချဲလ်ဆီးအနေနဲ့ အဆုံးရှုံးခံမယ်လို့ မထင်ပါဘူး၊ သူကိုအသင်းကို တိုးတက်မှုတွေ တိုက်ရိုက်ရှိလာစေမှာဖြစ်ပါတယ်" လို့ နဗီးလ်က ပြောပါတယ်။

ပိုချက်တီနိုဟာ လူငယ်ကစားသမားတွေ၊ အကယ်ဒမီထွက် ကစားသမားတွေကို အခြေပြုပြီး ချဲလ်ဆီးကို တည်ဆောက်မှာဖြစ်လိမ့်မယ်လို့ Standard Sportက ဖော်ပြထားပြီး ကလပ်ရဲ့ ဈေးကြီးတဲ့ခေါ်ယူမှုတွေကို ရှင်းထုတ်လိုက်ဖို့အတွက် နဗီးလ်က ပြောဆိုထားတာဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ ၃ ပတ် ၄ ပတ်လောက်တုန်းက သူနဲ့ သူ့ရဲ့နည်းပြအဖွဲတွေရဲ့ စာချုပ်အတွက် ဆွေးနွေးမယ်လို့ မထင်မိပါဘူး။ ကျွန်တော်တွေးမိတာက အသင်းအတွက် ကျွန်တော်လိုချင်တဲ့သူကို သူတို့က ဝယ်ပေးမှာလားပေါ့" "ဘာလို့လဲဆိုတော့ သူက ပိုချက်တီနိုနဲ့ သူ့ရဲ့ ကစားသမားခေါ်ယူရေးအဖွဲ့ နည်းပြအဖွဲ့တွေကို ဂရုတစိုက်နဲ့ ကြည့်နေတော့မှာပါ။  ဟုတ်ပြီ ဒီကစားသမားတွေကို ဘက်စ်ကားပေါ် ခေါ်မယ်၊ ဒီကစားသမားတွေကိုတော့ မခေါ်ချင်ဘူး ဆိုရင်တော့ ငါတို့ကို ပြန်ပိုလိုက်တာ ကောင်းမယ် တို့တွေ ဒီကိုလာစရာအကြောင်းမရှိဘူးလို့ သူတို့တွေက ပြန်ပြောကြမှာပါ" "ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆွေးနွေးညှိနှိုင်းမှုတွေက အဓိကကျမယ်လို့ ထင်ပါတယ်။ ရင်းနှီးထားမှုတွေကို ပယ်ချလိုက်ပြီး သူတို့တွေ ငွေကြေး ဘယ်လောက်များများ ဆုံးရှုံးမလဲ" လို့ နဗီးလ်က ပြောပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ဂယ်ရီနဗီးလ် #ဘိုလီ #ပရီးမီးယားလိဂ်