ရှေ့သို့
Image

ဘယ်လင်ဂမ်ရဲ့အပြောင်းရွှေ့ သတင်းတွေဟာ အမှားတွေသာဖြစ်ကြောင်း ထုတ်ပြောလာတဲ့ အားကစားဒါရိုက်တာ ခါးလ်

1:14 PM, 16 May

ဘွန်ဒက်စ်ချန်ပီယံဆုအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၁ကြိမ်ဆက် ဆွတ်ခူးနိုင်ရေး ကြိုးပမ်းမှုကို အဆင့် ၂နေရာကနေ အကောင်းဆုံး ဖိအားပေးနေတဲ့ ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘက်စ်တီယန်ခါးလ်က အဓိက ကွင်းလယ်ကစားသမား ဂျုဒ်ဘယ်လင်ဂမ်ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ရန် သတင်းတွေ လှိုင်လှိုင်ထွက်နေချိန် စစ်မှန်ခြင်းမရှိတဲ့ အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းဌာနအချို့က ဘယ်လင်ဂမ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆွေးနွေးပြောဆိုမှုတွေက ခရီးပေါက်နေပြီဖြစ်တဲ့ အကြောင်း ရေးသားနေကြပြီး အဆိုပါ အရည်အသွေးမြင့် ကွင်းလယ်စတားအတွက် ဥရောပ အသင်းကြီးအချို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အသက်အရွယ်နဲ့ မမျှ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ရဲ့ ထွက်ပေါ်နေတဲ့ အပြောင်းရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ ဒေါ့မွန် အားကစားဒါရိုက်တာ ဆီဘက်စ်တီယန်ခါးလ်က “ကျွန်တော်တို့ အနေဖြင့် ဘယ်လင်ဂမ်ကို ထိန်းထားနိုင်ရန် တက်နိုင်သမျှကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်းမှာလည်း မြင့်မားတဲ့ ကလပ်ရည်မှန်းချက်တွေ ရှိထားတာကြောင့် အဓိက ကစားသမားတွေကို ကစားသမားစာရင်းကနေ အဆုံးခံလို့ မရပါဘူး” “ဘယ်လင်ဂမ် အကြောင်းဆက်ပြောရရင် ကျွန်တော်တို့မှာ ထိပ်တိုက်ဆွေးနွေးထားတာမျိုး ဘာတစ်ခုမှ မရှိသေးတဲ့ အပြင် ဘာကမ်းလှမ်းမှုမှလည်း မရထားသေးပါဘူး” “ဂျုဒ်က ရှေ့ပွဲစဉ်တွေ အတွက်သာ အာရုံစိုက်နေပြီး ကျန်တာကတော့ ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားသွားမှာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဒေါ့မွန် #ဘွန်ဒက်စ်လီဂါ #ဘယ်လင်ဂမ် #ခါးလ်