ရှေ့သို့
Image

နွေရာသီမှာ ကစားသမား ၅ ဦးကို ယူနိုက်တက် ရောင်းထုတ်နိုင်မယ်လို့ မျှော်မှန်းထားတဲ့ တန်ဟက်

11:12 AM, 16 May

နာမည်ကြီး ကစားသမားဖြစ်တဲ့ ဖီးလ်ဂျုံးစ်ဟာ လက်ရှိရာသီ တန်ဟက်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့်မရရှိခဲ့တာ ဖြစ်ပြီး ၂၀၂၂ခုနှစ် မေလ နောက်ပိုင်းကတည်းက ကာရင်တန်သို့ လေ့ကျင့်ရေး မဆင်းခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ၂ ပွဲသာ ကစားခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ အသင်းရဲ့နောက်တန်းကစားသမား အတွက် ပွဲထွက်ခွင့်မှာ နောက်ဆုံးမှာ ရှိနေပြီး ယခုနွေရာသီကတော့ သူ့ရဲ့အိပ်မက်ဆိုးတွေ အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ၂၀၁၁ ခုနှစ်တွင် ဘလက်ဘန်းကနေ ပြောင်းလာသူဖြစ်ပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားဖြစ်ခဲ့သော်လည်း အိုးထရက်ဖို့ဒ်မှာ နေရာရရှိဖို့ ရုန်းကန်ခဲ့ရကာ ၂၀၁၉-၂၀ ရာသီစကတည်းက ၁၃ ပွဲသာ ကစားခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ သက်တမ်းတိုးခဲ့တဲ့ ကစားသမားအတွက် ဒူးဒဏ်ရာက ပြဿနာဖြစ်ခဲ့တာပါ။ ယူနိုက်တက်တွင် ၁၂ ကြာ ကစားခဲ့ပြီး အင်္ဂလန်အတွက် ၂၇ ပွဲ ကစားခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ အခုတော့ အခွင့်အရေးသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။

ဂျုံးစ်နှင့်အတူ တွမ်ဇီဘီကလည်း ဒီနွေရာသီမှာ Free Agent ဖြစ်လာမှာပါ။ အလားအလာရှိခဲ့တဲ့ လူငယ်ကစားသမားဟာ အခုတော့ အသက် ၂၅ နှစ် ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံး ပွဲထွက်ထားမှုကတော့ ၂၀၂၁ခုနှစ် ယူရိုပါလိဂ်ဖိုင်နယ်အဖြစ် ဗီလာရီးရဲလ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။

လက်ရှိရာသီမှာတော့ နောက်တန်းကစားသမားဟာ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးသို့ အငှားသွားရောက် ကစားခဲ့တာဖြစ်ပြီး ၂၀၂၂ခုနှစ်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ၄ လအတွင်း ၅ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံသားဖြစ်တဲ့ အီသန်ဂယ်လ်ဘရိတ်ကလည်း ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လိဂ်တူးကလပ် ဆဲလ်ဖို့ဒ်စီးတီးမှာ အငှားသွားရောက် ကစားနေသူဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အတွက် စီနီယာပွဲထွက်မှု ၁ ကြိမ်သာ လုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်တုန်းက ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ် အက်စ်တန်နာနှင့်ပွဲမှာဖြစ်ပါတယ်။

အကယ်ဒမီဂိုးသမားတွေဖြစ်တဲ့ အွန်ဒရီမက်စ်တီနှင့် ချာလီဝဲလ်နက်စ်တို့ကလည်း အငှားထွက်ကစားပြီးနောက် ထွက်ခွာမယ်လို့ ထင်ရပါတယ်။ အနာဂတ်မသေချာနေတဲ့ လူငယ်တိုက်စစ်မှုး မက်တီယိုမက်ဂျီယာကလည်း အသင်းသစ်ရှာဖွေသွားနိုင်ပါတယ်။ ခြေထောက်ဒဏ်ရာ ရရှိသွားတဲ့ ယူနိုက်တက်ရဲ့ အရန်ဂိုးသမား တွန်ဟီတန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားမှာလည်းဖြစပါတယ်။ သို့သော်လည်း ဟီတန်အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်ရှိသွားဖို့ရှိနေပြီး ဒီနွေရာသီမှာ စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်ရတဲ့ ဒီဂီယာရဲ့ အရန်အဖြစ် ရှိနေမှာဖြစ်ပါတယ်။

၂၀၂၀ခုနှစ် နွေရာသီမှာ ဆောက်လန်းယူနိုက်တက်ကနေ ခေါ်ယူခဲ့တဲ့ အရန်ဂိုးသမား နေသန်ဘစ်ရှော့ရဲ့ စာချုပ်ကလည်း နောက်ဆုံးလသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အတွက် တစ်ကြိမ်မှ ပွဲထွက်မကစားဖူးသေးတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်