ရှေ့သို့
Image

ခရီမိုနက်စ်နဲ့ ပွဲမှာ ပေါ့ဂ်ဘာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တယ်လို့ ဂျူဗင်တပ်စ် အတည်ပြု

10:42 AM, 16 May

ဂျူဗင်တပ်စ်အသင်းကတော့ ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် ခရီမိုနက်စ်နဲ့ပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြင်သစ်သားဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်  ပြီးခဲ့တဲ့နွေရာသီတုန်းက တူရင်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ ဂျူဗင်တပ်စ်မှာ အစကောင်းခဲ့ပေမယ့် အခုတော့ ဒဏ်ရာတွေနဲ့သာ နပန်းလုံးနေရတာဖြစ်ပါတယ်။ ဒူးဒဏ်ရာ ခွဲစိတ်ပြီးနောက် အချိန်အတော်ကြာနားခဲ့ရပေမယ့် အခုနောက်တစ်ကြိမ် ခရီမိုနက်စ်နဲ့ပွဲမှာ ပေါင်ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ “ပေါ့ဂ်ဘာရဲ့အခြေအနေကို ဒီနေ့မနက်ခင်းမှာ စစ်ဆေးမှုပြုလုပ်မှာပါ။ သူ့ရဲ့ဘယ်ဘက်ပေါင်နေရာက အဆင်မပြေပါဘူး။  ပြန်လည်ကြံ့ခိုင်မှုပြည့်ဝမှုဖို့ စတင်လုပ်ဆောင်ထားပြီးဖြစ်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ရက်ပေါင်း ၃၉၀ အတွင်း ခရီမိုနက်စ်နဲ့ပွဲမှာ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပေမယ့် ၂၃ မိနစ် အကြာမှာပဲ ဒဏ်ရာ -ရရှိခဲ့တာဖြစ်ပြီး အယ်လီဂရီနီကတော့ ကြံ့ခိုင်မှုပိုင်းကို စွန့်စားသလိုဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာတစ်ယောက် အဆိုပါဒဏ်ရာကြောင့် ၂၀၂၃ - ၂၄ ရာသီမတိုင်ခင်အထိ နားရဖွယ်ရှိနေပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ် နဲ့ စီးရီးအေ ၃ ပွဲသာ ကန်ရဖို့ကျန်တော့တာဖြစ်ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ #ခရီမိုနက်စ်