ရှေ့သို့
Image

ဒူးဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ရာသီကုန်လက်ကျန်ပွဲစဉ်တွေကို လွဲချော်မယ့် ဆာဘစ်ဇာ

9:08 AM, 16 May

ဘိုင်ယန်မြူးနစ်ကနေ အငှားလာကစားနေတဲ့ ကွင်းလယ်လူ ဆာဘစ်ဇာဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန်လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မယ်လို့ သိရပါတယ်။

ကွင်းလယ်လူဟာ စနေညက ယူနိုက်တက်အသင်း ဝုဗ်ကို ၂ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိပဲ ယခုအချိန်မှာတော့ ဒူးဒဏ်ရာကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲတို့ကို လွဲချော်တော့မယ်လို့ အသင်းကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် ဆာဘစ်ဇာဟာ ယူနိုက်တက် အတွက် ကစားရဖို့မရှိဘဲ နွေရာသီမှာ ဘိုင်ယန်မြုးနစ်ထံ ပြန်ရတော့မှာ ဖြစ်ပါတယ်။

MENရဲ့အဆိုအရ ယူနိုက်တက်ဟာ ကစားသမားရဲ့ဒဏ်ရာအခြေအနေအတွက် ဘိုင်ယန်ကို ဆက်သွယ်ထားတယ်လို့ သိရပြီး အနာဂတ်အတွက်တော့ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။
ဆာဘစ်ဇာရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရသေးပဲ နည်းပြ တန်ဟတ်ကလည်း နွေရာသီမှာ ကွင်းလယ်ပိုင်းကျိန်းသေပေါက် အားဖြည့်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ