ရှေ့သို့
Image

ဘန်ချီဝဲလ်နဲ့ ကူကူရယ်လာတို့ ဒဏ်ရာရနေဆဲဖြစ်တယ်လို့ လမ်းပတ် အတည်ပြု

11:15 AM, 13 May

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က နောက်ခံလူတွေဖြစ်တဲ့ ဘန်ချီဝဲလ်နဲ့ ကူကူရယ်လာတို့ ဒဏ်ရာရနေဆဲဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

အင်္ဂလန်သား ဘန်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက ပွဲပြီးဖို့ ၁၅ မိနစ်အလလိုမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ နောက်တန်းပြဿနာရှိနေချိန်မှာ အက်စ်ပီလီကျူတာက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

“ဘန်ချီဝဲလ်တစ်ယောက် ကြံ့ခိုင်မှုမပြည့်ပါဘူး။ ဖိုဖာနာတစ်ယောက် အခုအပတ်မှာ လေ့ကျင့်ခန်းဆင်းပါတယ်။ သူအဆင်ပြေပါတယ်။ ကူကူရယ်လာတော့ အခုပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ကူလီဘာလေလည်း ကျွန်တော်တို့လည်း လေ့ကျင့်ခန်းဆင်းပါတယ်။ အပြည့်အဝတော့ လေ့ကျင့်ခန်းမဆင်းသေးပါဘူး။ ရိစ်ဂျိမ်း နဲ့ မေဆင်မောင့်တို့လည်း အတူတူပါပဲ။ ချီဝဲလ်အတွက်တော့ စိတ်မကောင်းပါဘူး”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

အက်စ်ပီလီကျူတာကတော့ ဖောရက်စ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပြီး ဟောကလည်း ဒီရာသီအသင်းအတွက် ၇ ပွဲအထိ ပါဝင်ကစားထားကာ လမ်းပတ်အတွက် ရွေးချယ်စရာနောက်တစ်ခုရှိနေတာဖြစ်ပါတယ်။

“လီဝစ်မှာ အခွင့်အရေးရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော် သူ့ကိုထည့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံအရ အက်စ်ပီလီက ပိုအဆင်ပြေပါတယ်။ သူက ကစားသမားကောင်းတစ်ဦးဖြစ်သလို အရည်အချင်းရှိတဲ့ သူတစ်ဦးပါ။ သူပွဲထွက်ခွင့်လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ၄ ပွဲတုန်းက သူပြေးတာကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ သူနိုင်ငံအတွက် ကစားချင်နေပါတယ်။ အဲ့တာက ကောင်းတဲ့အရာပါ။ ဒါပေမယ့် သူ့အနေနဲ့ ဒီအကယ်ဒမီကို ကျော်ဖြတ်လာဖို့ လိုအပ်ပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး လမ်ပတ်က ရာသီအကုန်မှာ ထွက်ခွာမှာဖြစ်ကာ ပိုချက်တီနိုက ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ဘန်ချီဝဲလ် #ကူကူရယ်လာ #ပရီးမီးယားလိဂ်