ရှေ့သို့
Image

ဆော်ဒီသို့ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခံခဲ့ရတဲ့အပေါ် ဝေဖန်ခြင်းခံလိုက်ရတဲ့ မက်ဆီ

10:49 AM, 10 May

ဆော်ဒီသို့ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခြင်းခံရတာက ကမ္ဘာပေါ်မှာ လစာအများဆုံး ကစားသမားဖြစ်သွားစေမှာ ဖြစ်ပါတယ်လို့ မက်ဆီကို မာကိုဗန်ဘက်စ်တန်က ဝေဖန်ပြောကြားလိုက်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဆုရှင်ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နွေရာသီမှာ လီဂူးဝမ်းကလပ်နေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။ မက်ဆီဟာ အရှေ့အလယ်ပိုင်းသို့ ပေါင်သန်း ၄၀၀ (ဒေါ်လာ ၅၀၅သန်း) ဖြင့် ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာ ဖြစ်ပြီး အယ်ဟီလယ်က သူ့ကိုခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ ထိုသို့ ပြောင်းရွှေ့ခဲ့ကာ သူ့ရဲ့ထာဝရပြိုင်ဘက် ရော်နယ်ဒိုရဲ့ ကမ္ဘာ့လစာအများဆုံးဆိုတဲ့ နေရာကို အာဂျင်တီးနားနိုင်ငံသားက ရယူသွားနိုင်မှာဖြစ်ပါတယ်။

နယ်သာလန်ဂန္တဝင်ဖြစ်တဲ့ ဗန်ဘက်စ်တန်ကတော့ အခုလို ဥရောပဘောလုံးလောကနေ ထွက်ခွာမယ်ဆိုတဲ့ ကောလာဟလထွက်နေခြင်းအပေါ် သဘောကျခြင်းမရှိဘဲ ငွေကြေးထက် လုပ်ချင်တဲ့အရာကိုသာလုပ်ဖို့ တိုက်တွန်းထားပါတယ်။ "ဒါက အရမ်းဆိုးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီကို ငွေကြေးများများရှာဖို့အတွက် သွားမယ်ဆိုရင် ငွေကြေးများများရပြီး လုပ်ချင်တာကိုတာ လုပ်လိုက်ပါ။ ဒါကို ကျွန်တော်တွေးလို့မရပါဘူး။ သူဌေးဖြစ်ဖို့အတွက် လုပ်တာမဟုတ်လား။ မင်းကစားချင်တဲ့နေရာမှာ ဘောလုံးကို ကစားလို့ရပါတယ် ဟုတ်တယ်မလား" လို့ Ziggo Sport မှာ သူက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာသို့ ပြန်ဖို့ ဆက်သွယ်မှုတွေ ရှိနေသော်လည်း ကတ္တလန်ကလပ်ဟာ ဘဏ္ဍာရေး အခြေအနေရ ရုန်းကန်နေရတာကြောင့် သူ့ကိုခေါ်ယူမယ့်အရေးအတွက် အတားအဆီးဖြစ်နေပါတယ်။ MLS ကလပ်ဖြစ်တဲ့ အင်တာမိုင်ယာမီကလည်း အာဂျင်တီးနားသားကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သို့သော်လည်း ဆော်ဒီကသာ မက်ဆီ ပြောင်းရွှေ့မယ့် နေရာမှာဖြစ်လာဖွယ်ရှိနေပါတယ်။

ရက်သတ္တပတ် ၂ ပတ် ဆိုင်းငံခြင်းခံခဲ့ရပြီးနောက် မက်ဆီဟာ ပီအက်စ်ဂျီနှင့် အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အာဂျင်တီးနားဟာ လူသိရှင်ကြားတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူဟာ စနေနေ့ လီဂူးဝမ်းပွဲစဉ်အဖြစ် အေဂျာစီယိုရဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ပါတယ်။

#အပြောင်းအရွှေ့ #မက်ဆီ #ဆော်ဒီ