မက်ဆီရဲ့ ဆော်ဒီသို့ ပြောင်းရွှေ့မှုဟာ ဟယ်ရီကိန်းနဲ့ ယူနိုက်တက် အပြောင်းအရွှေ့အပေါ်ဘာကြာင့် အတားအဆီးဖြစ်စေတာလဲ
10:39 AM, 10 May
AFP ရဲ့ ဖော်ပြချက်အရ မက်ဆီရဲ့ ဆော်ဒီသို့ အပြောင်းအရွှေ့က စာချုပ် ချုပ်ဆိုပြီးသွားပြီ ဖြစ်ပါတယ်။ ဘော်လွန်းဒီအော်ဆု ၇ ကြိမ်ရ ကစားသမားဟာ ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသက် ၁၃ အရွယ် ၂၀၀၀ ခုနှစ်တွင် စတင်ရောက်ရှိခဲ့တဲ့ ဘာစီလိုနာသို့ ပြန်ဖို့ ကြီးမားတဲ့ဆက်သွယ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
မက်ဆီကို ခေါ်ယူမယ့်အရေးကနေ ဘာစီလိုနာဟာ ထွက်သွားခဲ့ပြီး အာဂျင်တီးနားသားဟာ အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်လို့ AFP က ဖော်ပြထားပါတယ်။ မက်ဆီဟာ ဆော်ဒီကလပ်ဖြစ်တဲ့ အယ်ဟီလယ်နှင့် ပေါင် ၅၂၂ သန်းတန် စာချုပ်ကို ချုပ်ဆိုမှာဖြစ်တယ်လို့ထင်ရကာ အားကစားသမိုင်းမှာ ဈေးအကြီးစာချုပ် ဖြစ်သွားမှာဖြစ်ပါတယ်။
အပြောင်းအရွှေ့သာဖြစ်သွားခဲ့မယ်ဆိုရင်တော့ နွေရာသီအပြောင်းအရွှေ့တွင် ယူနိုက်တက်ရဲ့ ဟယ်ရီကိန်းအား ခေါ်ယူရေးအတွက် အတားအဆီးဖြစ်သွားမှာဖြစ်ပါတယ်။ ဒီနွေရာသီမှာ မက်ဆီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်ဆိုရင် လီဂူးဝမ်းကလပ်ဟာ ကြီးမားခေါ်ယူမှုတစ်ခုကို လုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ချဲလ်ဆီး၊ယူနိုက်တက်နှင့် ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတဲ့ နာပိုလီက အိုဆီမန်ကို ယူရိုသန်း ၁၅၀ (ပေါင်သန်း ၁၃၀)ဖြင့် ကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေပါတယ်လို့ ပြီးခဲ့တဲ့လတုန်းက Football Insider က ဖော်ပြထားပါတယ်။ အိုဆီမန်ဟာ ပီအက်စ်ဂျီသို့ ရောက်သွားရင် ဘိုင်ယန်မြူးနစ်ဟာ ကိန်းကို ရရှိဖို့အတွက် တစ်ဆင့်မြင့်ပြီး ကြိုးစားလာမှာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ချန်ပီယံဟာ ပြီးခဲ့တဲ့ရာသီ လီဝန်ဒေါ့စကီး ထွက်သွားကတည်းက တိုက်စစ်မှုးတစ်ဦးကို ရှာဖွေနေခဲ့တာဖြစ်ပြီး ကိန်းဟာ အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ကြိုးပမ်းမှုက ယူနိုက်တက်ရဲ့ ကိန်အားခေါ်ယူရေးအပေါ် ကြီးမားတဲ့ ပြဿနာဖြစ်စေမှာပါ။
ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့တာက ကိန်းအတွက် ဆုဖလားရရှိဖို့ သေချာမှုရှိပြီး တော့တင်ဟမ်ဥက္ကဌ လီဗိုင်းကလည်း အဲ့ဒီလိုသာ လုပ်လိုနေတာဖြစ်ပါတယ်။ လက်ရှိရာသီနောက်ပိုင်းမှာလည်း ကိန်းကို ဆက်ထိန်းထားချင်ပါတယ်လို့ လီဗိုင်းက ပြောကြားထားသော်လည်း အင်္ဂလန်အသင်းခေါင်းဆောင်နဲ့စာချုပ်က နောက်ဆုံးနှစ်သို့ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ရောင်းချမယ်ဆိုပါကလည်းလီဗိုင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထက် နိုင်ငံခြားက ကလပ်တွေထံသို့သာ ကိန်းကို ရောင်းချချင်တာဖြစ်ပါတယ်။
ထို့အပြင် ယူနိုက်တက်ဟာ ခြေစွမ်းပိုင်းကျဆင်းနေတာကြောင့် ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ရာ ရာသီပိတ်နိုင်ဖို့အတွက် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက ဘိုင်ယန်မြူးနစ်ကသာ ပိုပြီးဆွဲဆောင်နိုင်တဲ့ အနေအထားသို့ရောက်သွားမှာဖြစ်ပါတယ်။