ရှေ့သို့
Image

ဆော်ဒီကလပ်နဲ့ မက်ဆီတို့ကြား အပြောင်းအရွှေ့အပြီးသတ်ခဲ့ပြီဆိုတဲ့ သတင်းတွေကို မက်ဆီရဲ့ဖခင် ငြင်းဆို

9:08 PM, 9 May

လီယွန်နယ်မက်ဆီရဲ့ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားဖြစ်သူဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ဆော်ဒီကလပ်နဲ့ အပြောင်းအရွှေ့အပြီးသတ်ခဲ့ပြီဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

မက်ဆီရဲ့ဖခင် ဂျော့ချ်က အခုရက်အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ မက်ဆီတစ်ယောက် အယ်လ်ဟီလယ်အသင်းနဲ့ ပေါင် ၅၂၂ သန်းတန်စာချုပ်ချုပ်ဆိုခဲ့တဲ့ဆိုတဲ့သတင်းတွေကို ကြေညာထုတ်ပြန်ခဲ့ပါတယ်။

မက်ဆီရဲ့ဖခင်က လူမှုမီဒီယာမှာ “လာမယ့်နှစ်မှာ ဘယ်အသင်းနဲ့မှာ အကြောင်းမထူးသေးပါဘူး။ ပီအက်စ်ဂျီနဲ့ ရာသီသိမ်းအောင် မက်ဆီအရင်ကန်ပြီး ဆုံးဖြတ်မှာပါ။ တစ်ရာသီပြီးတိုင်း သုံးသပ်မှုတွေလုပ်ပါတယ်။ အဲ့နောက် ဆုံးဖြတ်ချက်ချပါတယ်။ သတင်းအမှားတွေကတော့ အမြဲတမ်းထွက်နေကြပါ။ တော်တော်များများက မက်ဆီနာမည်ကို သုံးကြပါတယ်။ အဲ့တာမှလည်း လူစိတ်ဝင်စားမှာပါ။ ဒါပေမယ့် အမှန်တရားက ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရသေးပါဘူး။ အဲ့တာက လေးစားမှုမရှိသလို မတိကျတဲ့သတင်းတွေကို ဖြန့်ဝေနေတာပါ။ မယုံကြည်ရတဲ့အချက်အလက်အတွက် သူတို့ ရှင်းပြရပါလိမ့်မယ်”လို့ ဂျော့ချ်က ပြောကြားခဲ့ပါတယ်။

မက်ဆီကို ဆော်ဒီကလပ်က ခေါ်ယူဖို့ စောင့်ကြည့်မှုတွေရှိနေပေမယ့် ပီအက်စ်ဂျီကတော့ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ မက်ဆီရဲ့ဇနီးသည် အန်တိုနီလာကတော့ သူ့ယောကျာ်းကို ဆော်ဒီမပြောင်းဖို့ ပိတ်ပင်နေပြီး  အခုလည်း ဆက်လက်တားမြစ်ဖွယ်ရှိနေပါတယ်။

မက်ဆီကို ဘာစီလိုနာအသင်းကလည်း ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေကာ အာဂျင်တိုင်းသားကလည်း အသင်းဟောင်းကို ပြန်သွားချင်နေပါတယ်။

#မက်ဆီ #အယ်လ်-ဟီလယ်