ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ အချိန်အဆွဲဆုံးအသင်း မဟုတ်တဲ့ နယူးကာဆယ်အသင်း

11:14 AM, 9 May

ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်တွေအရ အချိန်တွေကို ဖြုန်းတီးခဲ့တဲ့နေရာမှာ အဆိုးဆုံးအသင်းဟာ နယူးကာဆယ် မဟုတ်ကြောင်းသိရပါတယ်။

နယူးကာဆယ်အသင်းသည် ဖေဖော်ဝါရီတွင်ကျင်းပခဲ့သည့် ကာရာဘောင်းဖလားဗိုလ်လုပွဲ မတိုင်မီ ၎င်းတို့၏ ကစားပုံပုံစံကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုရာသီတွင် လိဂ်ပွဲများတွင် အချိန်ဆွဲသည်ဟု ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်နှင့် နယူးကာဆယ်လ်အသင်းရဲ့ပွဲစဉ်မှဦ အာတီတာရဲ့ အာဆင်နယ်အသင်း အချိန်ဆွဲမှုနဲ့ပတ်သတ်ပြီး နယူးကာဆယ်နည်းပြအက်ဒီဟိုဝီက မကျေမနပ်ဖြစ်ခဲ့ပြီး အခြေအနေတွေက တစ်မျိုးပြောင်းသွားခဲ့ပါတယ်။

အက်ဒီဟိုဝီသည် စိန့်ဂျိမ်းစ်ပါ့ခ်တွင် အာဆင်နယ်ကို ၂-၀ ဖြင့်ရှုံးနိမ့်ပြီးနောက် အာတီတာ၏ အသင်းအား အချိန်ဆွဲမှုအတွက် အပြစ်တင်ခဲ့ပါတယ်။ သို့သော် အချက်အလက်သစ်များအရ အချိန်ဖြုန်းခြင်း၏ အကြီးမားဆုံး တရားခံများသည် အာဆင်နယ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ မဟုတ်ကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ်အသင်းသည် အင်္ဂလန်၏ ထိပ်တန်းပွဲစဉ်များတွင် အချိန်ဖြုန်းတီးမှု အများဆုံးဖြစ်ပြီး ပျမ်းမျှအချိန်ဆွဲခြင်းသည် ၃၁.၄ စက္ကန့်ရှိကြောင်း ကိန်းဂဏန်းများအရ သိရပါတယ်။ ယာဂင်ကလော့ပ်၏ လီဗာပူးအသင်းသည် အချိန်ဆွဲခြင်းမပြုလုပ်သည့် အကောင်းဆုံး အသင်းအဖြစ် အဆင့်သတ်မှတ်ထားခံရပြီး ပျမ်းမျှအချိန်ဆွဲခြင်းသည် ၂၃.၂ စက္ကန့်သာ ရှိတာဖြစ်ပါတယ်။

အက်ဒီဟိုဝီက "သူတို့က ဂိမ်းကို သူတို့ရဲ့ ရှုထောင့်ကနေ ကောင်းကောင်း စီမံခန့်ခွဲတယ်။ သူတို့က အချိန်ဆွဲတဲ့ကစားကွက် တော်တော်များများက ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ဖြစ်စေတယ်။ ထုံးစံအတိုင်း၊ ပွဲကို ပြန်လည်ဦးဆောင်ဖို့ကြိုးစားဖို့ ကျွန်တော်တို့က ဘောလုံးကို ပိုလိုချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒိုင်ရဲ့ထိန်းချုပ်နိုင်တာကို ကြည့်ရမယ်။ အဲ့တာကို ကျွန်တော်တို့ သွားထိန်းချုပ်လို့မရဘူး။ အဲဒါက ဒိုင်ရဲ့အလုပ်ပါ။ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာက ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ရယူပြီးနောက်နေ့မှာ ဒီနေ့ ကျွန်တော်တို့ လုပ်ခဲ့တာထက် ပိုကောင်းအောင် ကာကွယ်ခြင်းပါပဲ"ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ပါတယ်။

#နယူးကာဆယ် #ဟိုဝီ #ပရီးမီးယားလိဂ်