ရှေ့သို့
Image

ကိုလိုမူအာနီအတွက် ဈေးသတ်မှတ်လိုက်တဲ့ ဖရန့်ဖတ်

10:45 AM, 9 May

ဒီနွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူမယ်ဆိုပါက ဘိုင်ယန်မြူးနစ် ပစ်မှတ် ကိုလိုမူအာနီအတွက် ယူရို သန်း ၉၀ ကျော် ကျသင့်မယ်လို့ ဖရန့်ဖတ် စီအီးအို ဟဲလ်မန်းက ပြောကြားလိုက်ပါတယ်။

ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ၂၀၂၂-၂၃ ရာသီမှာ ကလပ်နှင့် လက်ရွေးစင်အသင်းအတွက်ပါ ခြေစွမ်းပြသထားသူဖြစ်ပြီး လက်ရှိရာသီ ပြိုင်ပွဲစုံမှာ ဖရန်ဖတ်အတွက် ၂၁ ဂိုး အထိ သွင်းယူပေးထားပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်ကို ဥရောပအသင်းတော်တော်များများက သဘောကျနေတာပါ။ ကိုလိုမူအာနီကို နာပိုလီ၊ ဘာစီလိုနာ၊ နယူးကာဆယ်၊ အက်သလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်နှင့် ဘိုင်ယန်မြူးနစ်တို့က ပြီးခဲ့တဲ့လတွေမှာ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

သို့သော်လည်း တိုက်စစ်မှုးကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က ရှေ့ပြေးနေတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် ဘိုင်ယန်ဟာ ကစားသမားရဲ့ကိုယ်စားလှယ်များနှင့် ပြောဆိုဆွေးနွေးပြီးပြီဖြစ်ပြီး ကိုလိုမူအာနီကို ပြီးခဲ့တဲ့ရာသီက ထွက်ခွာသွားတဲ့ လီဝန်ဒေါ့စကီးရဲ့နေရာကို အစားထိုးမှာလည်းဖြစ်ပါတယ်။ သူတို့ဟာ ကာလရှည်ပစ်မှတ်ထားနေတဲ့ ဟယ်ရီကိန်းနေရာမှာ အသက် ၂၄နှစ်အရွယ် ပြင်သစ်နိုင်ငံသားကို သဘောကျလာတာဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးထွက်ခွာသွားကတည်းကလည်း ဘိုင်ယန်ဟာ တိုက်စစ်မှုးနေရာတွင်‌ မာနေးနဲ့ ဝါရင့်ကစားသမားဖြစ်သူ ချိုပူမုတ်တင်းတို့ကိုသာ ထားရှိကစားခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်ရဲ့စိတ်ဝင်စားမှုနဲ့ ကစားသမားရဲ့အနာဂတ်အပေါ် မေးမြန်းရာတွင် ဖရန့်ဖတ် အကြီးအကဲက သူ့ကိုခေါ်ယူချင်တယ်ဆိုရင်တော့ များပြားတဲ့ ပြောင်းရွှေ့ကြေးပေးရမှာဖြစ်ပါတယ်လို့ ပြောထားပါတယ်။

"ကိုလိုမူအာနီလား၊ နိုင်ငံတကာဈေးကွက်ကိုကြည့်လိုက်တဲ့အခါ ယူရိုသန်း ၉၀ ထက် များကောင်းများနိုင်ပါတယ်။ သူ့မှာ ကာလရှည်စာချုပ်ရှိပါတယ်။ သူဟာ ဖရန့်ဖတ်မှာပဲ ဆက်နေဖို့ ကျွန်တော်တော့ထင်မိပါတယ်" လို့ ဟဲလ်မန်းက ပြောပါတယ်။

90 min က ဖော်ပြခဲ့တဲ့ မကြာသေးခင်က သတင်းတွေအရ ဖရန့်ဖတ်ဟာ ဒီနွေရာသီမှာ မူယာနီကို ရောင်းချလိုခြင်းမရှိပါဘူး။ ဘိုင်ယန်မြူးနစ်ကလည်းတိုက်စစ်မှုးအတွက် ယူရိုသန်း ၁၀၀ ထက် ပိုပြီး သုံးစွဲမှာမဟုတ်ဘူးလို့ အတည်ပြုထားသော်လည်း အပြောင်းအရွှေ့အတွက်တော့ ဆွေးနွေးမှုတွေရှိနေပါတယ်။

#ဖရန့်ဖတ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် မူအာနီ