ရှေ့သို့
Image

အာနိုးလ်အား ကွင်လယ်သို့ ပြောင်းရွှေ့ကစားစေဖို့ တိုက်တွန်းခြင်းခံလိုက်ရတဲ့ ကလော့ပ်

11:09 AM, 8 May

လီဗာပူးအနေနဲ့ ပေါင်သန်း ၁၀၀ လောက် သက်သာချင်တယ်ဆိုရင်တော့ အာနိုးလ်အား ကွင်းလယ်သို့ ပြောင်းရွှေ့ကစားစေဖို့ ကလော့ပ်ကို ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်နောက်တန်းကစားသမားဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ညာနောက်တန်းနှင့် ကွင်းလယ်တို့မှာ ခြေစွမ်းပြ ကစားခဲ့တာဖြစ်ပြီး သင့်လျော်တဲ့ ကစားသမားဖြစ်တယ်လို့ ကာရေဂါက ယုံကြည်နေတာဖြစ်ပါတယ်။ နွေရာသီမှာ ကွင်းလယ် ကစားနေရာအတွက် ကစားသမားသစ်တွေကို မီလီယံချီသုံးစွဲမယ့်အစား အာနိုးလ်ကို ပြောင်းရွှေ့ကစားစေဖို့ ကလော့ပ်က တိုက်တွန်းခြင်းခံထားရပါတယ်။

"အာနိုးလ်ကသာ ကွင်းလယ်မှာ ကစားမယ်ဆိုရင် လီဗာပူးက ပေါင်သန်း ၁၀၀ လောက် သက်သာမှာပါ။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး ဂိုးဧရိယာပြင်ပကနေ ဂိုးသွင်းယူတာ အများကြီး မတွေ့ဖူးပါဘူး။ ကွင်းလယ်မှာသာ ကစားမယ်ဆိုရင် တစ်ရာသီကို ၅ ဂိုးကနေ ၁၀ ဂိုးလောက်အထိ ရမှာဖြစ်ပါတယ်" လို့ ကာရေဂါက Sky Sprots သို့ ပြောပါတယ်။

လီဗာပူးဟာ နွေရာသီဈေးကွက်မှာ အနည်းဆုံး ကွင်းလယ် ကစားသမား တစ်ဦးခေါ်ယူရမှာဖြစ်ပြီး ဘရိုက်တန်က မက်အက်လစ္စတာကို ခေါ်ယူဖို့ ဆက်သွယ်နေတာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်အား ခေါ်ယူရေးကနေ နှုတ်ထွက်သွားခဲ့ပြီးနောက်မှာတော့ အာဂျင်တီးနားသာကို အသင်းရဲ့ဦးစားပေးပစ်မှတ်အဖြစ် ထားရှိနေတာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုစားနေတာဖြစ်ပြီး အဆင့် ၄ နေရာက ယူနိုက်တက်အောက် ၁ မှတ်လျော့နေရာမှာရှိနေတာဖြစ်ပါတယ်။ သူတို့အသင်းဟာ ၁၅ ရက်နေ့တွင် လက်စတာနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

#လီဗာပူး #ကလော့ပ် #အာနိုးလ် #ကာရေဂါ #ပရီးမီးယားလိဂ်