ရှေ့သို့
Image

ချဲလ်ဆီး တိုက်စစ်မှာ အဆုံးသတ်ကောင်းတဲ့သူတွေလိုအပ်တယ်လို့ လမ်းပတ် ယုံကြည်နေ

8:57 AM, 8 May

ချဲလ်ဆီးနည်းပြ လမ်းပတ်က တိုက်စစ်ပိုင်းအတွက် အဆုံးသတ်ကောင်းတဲ့သူတွေလိုအပ်တယ်လို့  ယုံကြည်နေပါတယ်။

ချဲလ်ဆီးဟာ စနေနေ့တုန်းက ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရရှိပြီး ၉ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်လာဟာက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲ့နောက် ဗီနာက ချေပဂိုး သွင်းယူနိုင်ခဲ့ကာ ချဲလ်ဆီးအတွက် အနိုင်သေချာစေမယ့်ဂိုးတွေကို ဘာဒိုင်းရှီလီ၊ ဖီးလစ်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီအလယ်အလတ်အဆင့်တစ်ခုမှာ ရပ်တည်နိုင်ဖို့ နီးစပ်နေကာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။ ယာယီနည်းပြ လမ်းပတ်က နွေရာသီမှာ ချဲလ်ဆီးကနေ ထွက်ခွာမှာဖြစ်ပြီး ဘိုဟီလေကိုင်တွယ်ပြီးကတည်းက ပေါင်သန်း ၆၀၀ လောက် အသုံးပြုထားခဲ့ပေမယ့် အသင်းအခြေအနေက မတိုးတက်သေးတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပွဲကိုအများကြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဆုံးသတ်ကောင်းမယ့်သူမရှိပေမယ့် ပထမပိုင်းဧရိယာထဲမှာ ကျွန်တော်တို့ ပြေးလွှားနိုင်ခဲ့ပါတယ်။ အသင်းအနေနဲ့ တိုးတက်လာခဲ့ပြီး အခုထက်အဆုံးသတ်ပိုကောင်းတဲ့သူမျိုးလိုအပ်ပါတယ်။ အမှတ်ပေးဇယားကိုကြည့်ရင် ကျော်ဖြတ်နိုင်မယ်ဆိုတာ မြင်နိုင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည်အရ အပေါင်းလက္ခဏာဆောင်တာတွေမြင်ခဲ့ရပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ဥရောပချန်ပီယံ ၂ ကြိမ်ရ ချဲလ်ဆီးအသင်းဟာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက စီးတီးနဲ့ ရမှတ် ၄၀ လောက်အထိ ကွာဟနေပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ အခုလိုမျိုးအောင်ပွဲခံဖို့ စောင့်နေတာကြာမြင့်နေပြီဖြစ်ပါတယ်။ လမ်းပတ်ကတော့ အသင်းပိုင်ရှင်တွေဟာ အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

“ပရိသတ်တွေက အောင်မြင်မှုနဲ့အသားကျနေပါပြီ။ သူတို့က အောင်မြင်မှုတွေ လိုအပ်ပါတယ်။ အသင်းပရိသတ်တွေ ဘာလိုချင်လဲဆိုတာ သိပါတယ်။ ကျွန်တော် အသင်းအတွက်လည်း အကောင်းဆုံး စွမ်းဆောင်ပေးသွားမှာပါ”လို့ လမ်းပတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်