ရှေ့သို့
Image

ဘန်ချီဝဲလ်ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ လမ်းပတ် ပြောကြား

11:15 AM, 7 May

စနေနေ့က ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့ပြီးနောက် ဘန်ချီဝဲလ်အနေနဲ့ ဒီရာသီချဲလ်ဆီးအတွက် နောက်တစ်ကြိမ်ပြန်ကစားနိုင်ဖို့ မသေချာတော့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၆ ပွဲဆက် အရေးနိမ့်မှုကို အဆုံးသတ်နိုင်ခဲ့ကာ ချီဝဲလ်တစ်ယောက် ပွဲကစားချိန် ၇၅ မိနစ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြ လမ်းပတ်က အင်္ဂလန်သားတစ်ယောက် ဘယ်လောက်အထိ နားရမလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီလက်ကျန် ၄ ပွဲသာ ကစားဖို့ကျန်တော့တာဖြစ်ပြီး အသက် ၂၆ နှစ်သားမပါဝင်နိုင်ဖို့ များနေတာဖြစ်ပါတယ်။

“အဲ့တာ တံကောက်ကြောဒဏ်ရာပါ။ ပြင်းထန်လားဆိုတာ မသိရသေးပါဘူး။ ဒီရာသီမှာ တံကောက်ကြောဒဏ်ရာများနေပါတယ်။ လက်ကျန်ပွဲတွေကို လွဲချော်မလားဆိုတာ စိုးရိမ်မိပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချီဝဲလ်ဟာ ဒီရာသီအစောပိုင်းတုန်းက တံကောက်ကြောဒဏ်ရာကြောင့် ၃ လလောက်နားခဲ့ရတာဖြစ်ပြီး အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအစပိုင်းတုန်းက ကြံ့ခိုင်မှုပြည့်ဝခဲ့တာဖြစ်ပြီး ဒီရာသီချဲလ်ဆီးအသင်းအတွက် ၂၃ ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် ချီဝဲလ်တစ်ယောက် ကစားသမားဘဝထိခိုက်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒူးဒဏ်ရာကြောင့် ၇ ပွဲလောက် ပါဝင်ခွင့်ရခဲ့ပါတယ်။

ဘုန်းမောက်ကို အနိုင်ရပြီးနောက် ချဲလ်ဆီးဟာ အဆင့် ၁၁ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပြီး လက်ကျန် ၄ ပွဲမှာ ဒီရာသီအကောင်းဆုံးအဆင့်မှာ ရပ်တည်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

သူတို့အတွက် လက်ကျန် ၄ ပွဲက မလွယ်ကူနိုင်တာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ် ၊ မန်ချက်စတာ ၂ သင်း နဲ့ နယူူးကာဆယ်တို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ဘန်ချီဝဲလ် #ပရီးမီးယားလိဂ်