ရှေ့သို့
Image

နောက်ထပ်အလုပ်မှာ ယာယီနည်းပြမလုပ်ချင်ပါဘူးလို့ ဝန်ခံလိုက်တဲ့ လမ်းပတ်

10:15 AM, 7 May

ပြီးခဲ့တဲ့လမှာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်လိုက်ပြီးနောက်မှာတော့ ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဟာ ချဲလ်ဆီးရဲ့ ယာယီနည်းပြ ဖြစ်လာခဲ့ပါတယ်။


သူဟာ ကိုင်တွယ်ခဲ့တဲ့ပွဲစဉ်တွေ အားလုံကို အနိုင်ရရှိထားခြင်းမရှိဘဲ နောက်ဆုံး ၆ ပွဲစလုံး ရှုံးနိမ့်ထားတာဖြစ်ပါတယ်။


စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လာရာတွင် ရလဒ်ပိုင်းဆိုးရွားနေသော်လည်း သူ့ရဲ့အနာဂတ်အပေါ် ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။


"ဒါဟာ ခက်ခဲတဲ့မေးခွန်းပါ၊ ဒီလိုအဆင့်က အလုပ်တွေအားလုံးက စိန်ခေါ်မှုရှိနေတာဖြစ်ပါတယ်"


"အသင်း၊ ပုံစံနဲ့ ကလပ်ကိုရယူလိုတဲ့နေရာ လိုက်လျော့ညီထွေဖြစ်တဲ့ ပရောဂျက်တစ်ခု ကလပ်တစ်ခုကို ရှာဖွေဖို့ ကြိုးစားနေတာပါ" 


"ကျွန်တော် ဒီကိုရောက်တဲ့အချိန်မှာ ကာလတိုပဲဆိုတာကို သိရှိထားပြီး နှလုံးသားနဲ့ရင်းပြီး လုပ်ခဲ့တာပါ"


"နောက်ထပ် အလုပ်မှာ ယာယီနည်းပြမလုပ်ချင်ပါဘူး။ အခွင့်အရေးရှိမယ့်အလုပ်မှာသာ လုပ်ချင်ပါတယ်၊ ဒီလိုအလုပ်မျိုးကို သေချာသတိထားပြီး ကျွန်တော်က လုပ်ဆောင်ချင်ပါတယ်"


"အဲ့ဒီအကြောင်းတွေကိုလည်း စောစီးစွာမပြောချင်ပါဘူး။ ကျွန်တော်တွေ့ကြုံခဲ့တဲ့ စိန်ခေါ်မှုတွေက ကြီးမားသော်လည်း ဒါက ဘဝပါပဲ"


"ကျွန်တော်ဟာ ချဲလ်ဆီးကို ၂ ကြိမ် ကိုင်တွယ်ခဲ့ဖူးတယ်လို့ ပြောလို့ရတဲ့အတွက် ကံကောင်းပါတယ်။ အဲဗာတန်ကလည်း ကြီးမားတဲ့ကလပ်ပါ။ ဒါဘီကလည်း ကြီးမားတဲ့ကလပ်ပါ။ ကျွန်တော်ရွှေ့ပြောင်းလုပ်ဆောင်တဲ့အချိန်မှာ မတူညီတဲ့နည်းလမ်းတွေနဲ့ဖြစ်တယ်လို့ ထင်မိပါတယ်" လို့ လမ်းပတ်က ပြောပါတယ်။


လမ်းပတ်ဟာ သူ့ရဲ့နည်းပြဘဝကို ၂၀၁၈ ခုနှစ်တွင် ဒါဘီကို တာဝန်ယူကာ စတင်ခဲ့ပါတယ်။


ပထမဆုံးနည်းပြအလုပ်မှာပင် ဒါဘီကို ချန်ပီယံရှစ် Play off ဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဗီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။


ဒါဘီနှင့်အတူ အောင်မြင်တဲ့ရာသီဖြစ်ခဲ့ပြီးနောက် ၂၀၁၉ခုနှစ်မှာ လမ်းပတ်ဟာ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ချဲလ်ဆီးနည်းပြ ဆာရီရဲ့နေရာကို အစားဝင်ရောက်ခဲ့ပါတယ်။


ချဲလ်ဆီးအသင်းအား ၁၈ လ ကိုင်တွယ်ပြီးနောက် ရလဒ်များဆိုးရွားခဲ့တာကြောင့် ၂၀၂၁ခုနှစ် ဇန်နဝါရီမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။


နည်းပြအလုပ်ကနေ ခဏတာအနားယူခဲ့ပြီးနောက် အသက် ၄၄ နှစ်အရွယ် လမ်းပတ်ဟာ ၂၀၂၂ ခုနှစ် အစမှာ အဲဗာတန်နည်းပြရာထူးကို ရယူခဲ့ပါတယ်။ အဲဗာတန်ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်ခဲ့ရပြီးနောက် ယခုနှစ်အစောပိုင်းမှာ သူဟာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။


စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လာမှုတွင် ချဲလ်ဆီးအသင်းရဲ့နည်းပြဖြစ်လာမလားဆိုတဲ့ မေးခွန်းအပေါ် လမ်းပတ်က ငြင်းဆိုခဲ့ပြီး ဒီနွေရာသီမှာ သူ့ရဲ့နေရာကို ပိုချက်တီနိုက အစားဝင်ရောက်ဖို့ ရေပန်းစားနေပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်