ရှေ့သို့
Image

မန်စီးတီးထက် ရီးရဲလ်ကိုသာ ပြောင်းဖို့နီးစပ်နေတဲ့ ဒေါ့မွန်စတား ဘယ်လင်ဟမ်

10:06 AM, 7 May

သတင်းတွေအရ ဒေါ့မွန်စတား ဘယ်လင်ဟမ်တစ်ယောက် နွေရာသီမှာ မန်စီးတီးထက် ရီးရဲလ်ကိုသာ ပြောင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဘယ်လင်ဟမ်ကို မန်စီးတီး ၊ လီဗာပူး နဲ့ ရီးရဲလ်တို့က အလိုရှိနေကြပြီး အခုထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးရဲလ်က အင်္ဂလန်သားကို ခေါ်ယူနိုင်ဖို့ တစ်ပြေးနေတယ်လို့ သိရပါတယ်။
ဒေါ့မွန်ကလည်း လာမယ့်အနာဂတ်မှာ ရီးရဲလ်အသင်းနဲ့ သဘောတူညီမှုရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ ဘယ်လင်ဟမ်ကို ခေါ်ယူရေး လက်မလျှော့သေးဘူးလို့ သိရပြီး မာကာသတင်းဌာနကတော့ စီးတီးဟာ ဘယ်လင်ဟမ်ကို တစ်ရာသီလုပ်ခ ယူရို ၁၅ သန်း + ၆ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်အသင်းကတော့ လာမယ့်အပတ်လောက်မှာပဲ သူတို့အပြောင်းအရွှေ့ကို လှုပ်ရှားဖွယ်ရှိနေပြီး ထိပ်တန်းပစ်မှတ်ကို အရခေါ်ယူသွားဖွယ်ရှိနေပါတယ်။
#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #ဘွန်ဒက်စ်လီဂါ #ဘယ်လင်ဂမ်