ရှေ့သို့
Image

ဘယ်လင်ဂမ်အား အသင်းရဲ့လစာအများဆုံး ကစားသမားဖြစ်လာစေမယ့် ရီးရဲလ်မက်ဒရစ်

10:36 AM, 6 May

ဒေါ့မွန်ကွင်းလယ်ကစားသမားကို ခေါ်ယူမယ့်အရေးကနေ လီဗာပူးအသင်းနှုတ်ထွက်ခဲ့ပြီးနောက်မှာတော့ အင်္ဂလန်စတားဟာ မက်ဒရစ်သို့ ပြောင်းရွှေဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ အခုတော့ ရီးရဲလ်မက်ဒရစ်နဲ့ သူ့ရဲ့ စာချုပ်အသေးစိတ်အချက်အလက်က ပေါ်ထွက်လာခဲ့ပြီး SER Deportivos က ဖော်ပြထားပါတယ်။

ဘယ်လင်ဂမ်ဟာ ၆ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ဟာဇက်ရဲ့နောက် ဒုတိယလစာအများဆုံး ရရှိမယ့် ကစားသမားဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူ့ရဲ့စာချုပ်ဖျက်သိမ်းခဟာ ယူရို ၁ ဘီလီယံနှင့် တူညီတဲ့ပမာဏဖြစ်တဲ့ ပေါင် ၈၇၅ သန်း ဖြစ်ပါတယ်။

မက်ဒရစ်ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှီဖို့ နီးစပ်နေပါပြီလို့ ယခုတစ်ပတ်အစောပိုင်းက သတင်းတွေမှာ ဖော်ပြထားပြီး ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြထားခြင်းတော့မရှိသေးပါဘူး။ လီဗာပူးက နှုတ်ထွက်သွားတာကြောင့် ရီးရဲလ်မက်ဒရစ်အတွက် ပိုပြီး အားသာခဲ့တာဖြစ်ပါတယ်လို့ SER Deportivos က ဆက်လက်ဖော်ပြထားပါတယ်။

ချန်ပီယံဝင်ခွင့်ကြောင့် ပြောင်းရွှေ့ကြေးက မြင့်သွားနိုင်ပြီး ဒါကလည်း ဘယ်လင်ဂမ်အတွက် အရေးပါတဲ့ အချက်လည်းဖြစ်ပါတယ်။ နွေရာသီမှာ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့ဟာ ဘယ်လင်ဂမ်ကိုခေါ်ယူနိုင်ရေး ကြိုးစားကြမယ်လို့ထင်ရပြီး ပီအက်စ်ဂျီကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။

မက်ဒရစ်သို့ ပြောင်းရွှေ့တဲ့ သူ့ရဲ့စိတ်ဆန္ဒကို အင်္ဂလန်နိုင်ငံသားက ပြောကြားထားကာ မက်ဒရစ်နှင့် ဒေါ့မွန်တို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရာမှာ အဆင်ပြေချောမွေ့သွားဖွယ်ရှိနေပါတယ်။ မက်ဒရစ်အနေနဲ့ ဒေါ့မွန်ထံ ဈေးပေးကမ်းလှမ်းထားခြင်းတော့ မရှိသေးပါဘူး။ ပေါင်သန်း ၁၀၀ လောက်ဖြင့် ကမ်းလှမ်းမယ်လို့ ထင်ရပြီး ဇူလိုင်လတွင် မက်ဒရစ်ကစားသမားဖြစ်လာဖို့ ဘယ်လင်ဂမ်က မျှော်လင့်ထားတာကြောင့် ညှိနှိုင်းမှုတွင် မည်သည့်ပြဿနာမျှ ဖြစ်လာမယ်လို့ မထင်ရပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့ ကင်းထောက်ချုပ်ဖြစ်သူ ကယ်လာဖက်ဟာ ပြီးခဲ့တဲ့လတုန်းက ဘယ်လင်ဂမ်ရဲ့ဖခင်နှင့် လန်ဒန်မှာ တွေ့ဆုံခဲ့ပြီး ချူအာမီနီ၊ ကာမာဗင်ဂါတို့နှင့်အတူ ရီးရဲလ်မက်ဒရစ်ရဲ့ ခေတ်သစ်ကွင်းလယ်ကို ဦးဆောင်စေလိုနေတာဖြစ်ပါတယ်။ စာချုပ်အတွက် ကြေညာမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘယ်လင်ဂမ်ဟာ စပိန်လက်နှင့် မက်မောဖွယ်စာချုပ်တစ်ခုကို ချုပ်ဆိုဖို့ရှိနေတာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #ဘယ်လင်ဂမ်