ရှေ့သို့
Image

နေမာရဲ့အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနှင့် ဆွေးနွေးပြီးပြီဖြစ်တဲ့ ဘိုလေ

10:12 AM, 6 May

ပီအက်စ်ဂျီစတား နေမာဟာ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပြီး ပြင်သစ်ကလပ်ရှိ တိုက်စစ်မှုးရဲ့အနာဂတ်က မသေချာနေတာဖြစ်ပါတယ်။

နေမာရဲ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဘိုလေဟာ ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီနှင့် တွေ့ဆုံးပြီးပြီဖြစ်ပါတယ်။ ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသက် ၃၁ နှစ်အရွယ် တောင်ပံကစားသမားကို ရောင်းချဖို့ ကြိုးစားခဲ့တာဖြစ်ပြီး လာမယ့်ရာသီမတိုင်ခင်မှာ ရောင်းချဖို့ရှိနေတာဖြစ်ပါတယ်။

ဘိုလေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အယ်လ်ခီလိုင်ဖီနှင့် အကြိမ်အနည်းငယ်လောက်တွေ့ဆုံခဲ့ကာ နေမာအကြောင်း ဆွေးနွေးခဲ့တာဖြစ်လို့ စတန်းဖို့ဒ်ဘရစ်ချ်သို့ ခေါ်ယူရေးက ဖြစ်နိုင်ချေရှိနေတာဖြစ်ပါတယ်လို့ ESPN နဲ့ RMC Sport ရဲ့ သတင်းထောက် လူရန်စ်က ပြောထားပါတယ်။

ဘရာဇီးနိုင်ငံသားဟာ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာနေတုန်းဖြစ်တာကြောင့် အပြောင်းအရွှေ့က မသေချာကြောင်း နေမာဟာ ပီအက်စ်ဂျီရဲ့နောက်ဆုံးပွဲစဉ် ၁၀ ပွဲလောက်ကို လွဲချော်ထားကာ ကလပ်နှင့်စာချုပ်ကလည်း ၂၀၂၅ခုနှစ်အထိ ချုပ်ဆိုထားတာဖြစ်ပါတယ်လို့ လူရန်စ်က ပြောထားပါတယ်။

"နေမာကို ပြီးခဲ့တဲ့နွေရာသီကတည်းက ပီအက်စ်ဂျီဟာ ရောင်းချဖို့ ကြိုးစားခဲ့တာပါ။ ဒီနွေရာသီမှာလည်း ရောင်းချဖို့ ကြိုးစားအုံးမှာပါ။ ချဲလ်ဆီးအသင်းပိုင်ရှင်းဖြစ်တဲ့ဘိုလေဟာ ပီအက်စ်ဂျီဥက္ကဌနှင့်‌ နေမာအကြောင်းကို ဆွေးနွေးဖို့ အကြိမ်အနည်းငယ်လောက် တွေ့ဆုံခဲ့တာဖြစ်ပြီး ချဲလ်ဆီးသို့ ခေါ်ယူဖို့က အလားအလာရှိနေပါတယ်" "နေမာက ခြေကျင်းဝတ်ခွဲစိတ်ထားတဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာနေတုန်းဖြစ်သလို ပီအက်စ်ဂျီနဲ့လည်း ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိနေတာကြောင့် လက်ရှိမှာ ချဲလ်ဆီးသို့ ပြောင်းရွှေ့မလားဆိုတာ ကျွန်တော်လည်းမသိသေးပါဘူး။ ပရီးမီးယားလိဂ်မှာ ဖြစ်နေတာကြောင့် ချဲလ်ဆီးအတွက် ဖြစ်နိုင်မလားဆိုတာကို ကျွန်တော်မသိသေးပါဘူး" လို့ လူရန်စ်က ပြောပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်ရှိ လစာများပြားတဲ့ ကစားသမားတွေကိုရောင်းချခြင်းကနေ လစာငွေလျော့ကျသွားနိုင်ကာ နေမာရဲ့ များပြားတဲ့လစာကို ပေးနိုင်မှာဖြစ်ပါတယ်။ စူပါစတား ကစားသမားတွေကို အားဖြည့်ပြီး တိုက်စစ်ကို ဖြည့်တင်းလိုနေတဲ့ ချဲလ်ဆီးအတွက် သူဘာလဲဆိုတာကို ဘရာဇီးနိုင်ငံသားက ပြသခဲ့ပြီးပြီဖြစ်ပါတယ်။

ဒဏ်ရာရရှိနေပြီး လစာများများပေးရမယ့် တိုက်စစ်မှုးကို ဘိုလေက စွန့်စားပြီးခေါ်ယူမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #နေမာ #တော့ဒ်ဘိုလေ