ရှေ့သို့
Image

ဆိုစီဒက်ကို အရေးနိမ့်ပြီးနောက် အန်ဆယ်လော့တီနဲ့ တွေ့ဆုံခဲ့တဲ့ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်

9:42 AM, 6 May

ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်တစ်ယောက် အင်္ဂါနေ့က ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အန်ဆယ်လော့တီနဲ့ တွေ့ဆုံပြီး လက်ကျန်ရာသီအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပီရက်ဇ်နဲ့ အန်ဆယ်လော့တီတို့  အခုရာသီအတွက် ဆွေးနွေးခဲ့ပြီး စနေနေ့မှာ အိုဆာဆူနာနဲ့ ကိုပါဒယ်ရေးဖိုင်နယ် နဲ့ အဲ့နောက် မန်စီးတီးကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မာကာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂ ဦးကြားမှာ ဆွေးနွေးမှုက အဆင်ပြေခဲ့တယ်လို့ သိရပြီး နောက်ဆုံး ၃ ပွဲမှာ ဂီရိုနာ နဲ့ ဆိုစီဒက်တို့ိကို အရေးနိမ့်ခဲ့တဲ့အပေါ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းဟာ ဒီရာသီမှာ အရေးကြီးနေတာဖြစ်ပြီး အန်ဆယ်လော့တီ အတွက်လည်း အရေးကြီးနေကာ ချန်ပီယံလိဂ်ဆုဖလားရယူပေးနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့အနာဂတ်ကလည်း မသေချာသေးပဲ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ အသင်းမှာ ဆက်နေချင်တယ်လို့တော့ သတင်းတွေ ထွက်နေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဆိုစီဒက် #ပီရက်ဇ် #အန်ဆယ်လော့တီ