ရှေ့သို့
Image

မိမိတို့အနေနဲ့ ရော်နယ်ဒိုနဲ့ နေမာတို့ကို တတ်နိုင်မှာမဟုတ်ဘူးလို့ ကာဆယ်နည်းပြ ဟိုဝီ ပြောကြား

9:09 AM, 6 May

နယူးကာဆယ်နည်းပြ ဟိုဝီက မိမိတို့အသင်းဟာ ဘဏ္ဍာရေးအခြေအနေတောင့်တင်းပေမယ့် နေမာ၊ ရော်နယ်ဒိုတို့လို စူပါစတားတွေကို ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

နယူးကာဆယ်အသင်းကို ဆော်ဒီအုပ်စုက ရှယ်ယာ ၈၀% ပိုင်ဆိုင်ထားကာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ ၃ ခုမှာ ပေါင်သန်း ၂၅၀ လောက်အထိ အသုံးပြုခဲ့ပါတယ်။ ဟိုဝီရဲ့အသင်းဟာ အခုအပတ် အာဆင်နယ်အသင်းနဲ့မကစားခင် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလိုရှိနေပါတယ်။

နယူးကာဆယ်ဟာ ဟိုဝီရောက်လာပြီးကတည်းက အသင်းကို ပြောင်းလဲနိုင်ခဲ့ပြီး ပီအက်စ်ဂျီစတား နေမာနဲ့ အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါပေမယ့် သောကြာနေ့က ပြောကြားရာမှာတော့ ဟိုဝီက “သူတို့ ကမ္ဘာ့စင်မြင့်ပေါ်မရောက်ခင် အကောင်းဆုံးရှာဖွေမှုပါ။ သူတို့လို ကမ္ဘာ့အဆင့်ကစားသမားမျိုးတွေကို ကျွန်တော်တို့ မတတ်နိုင်ပါဘူး။  ပြောင်းရွှေ့ကြေး ၊ လစာတွေကြောင့် လက်ရှိအခြေအနေမှာ သူတို့ကို ခေါ်ယူနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့နဲ့အဆင်ပြေမယ့် ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူတွေကိုပဲ ခေါ်ယူမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဟိုဝီဟာ အသင်းထံ နစ်ပုပ် နဲ့ ထရစ်ပီယာတို့ကို ခေါ်ယူခဲ့သလို အဲ့နောက် ဂူမာရေးစ် ၊ ဘို့တ်မန်း၊ အီဆက်နဲ့ ဂေါ်ဒွန်တို့ကို ခေါ်ယူထားခဲ့ပါတယ်။ နေမာရဲ့အခြေအနေက ပီအက်စ်ဂျီမှာ မသေချာသေးတာကြောင့် နယူးကာဆယ်နဲ့သတင်းတွေ ထွက်နေဆဲဖြစ်ပါတယ်။

“ဒီသတင်းတွေက ကျွန်တော်စကိုင်ကတည်းက ထွက်နေတာပါ။ သာမန်အားဖြင့် လူတိုင်းက ကမ္ဘာ့အဆင့်ကစားသမားတွေ နယူးကာဆယ်ကို လာမယ်လို့ယူဆနေကြပါတယ်။ အခုအဲ့တာက မဖြစ်နိုင်ပါဘူး။ ဘဏ္ဍာရေးပိုင်းအရ ကျွန်တော်တို့ လက်ရှိမှာ သူတို့ကို မခေါ်နိုင်ပါဘူး။ ဒါပေမယ့် အသင်းထံ မှန်ကန်တဲ့ကစားသမားတွေတော့ ခေါ်ယူသွားမှာပါ”လု့ိ ဟိုဝီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#နယူးကာဆယ် #ရော်နယ်ဒို #နေမာ #ဟိုဝီ #ပရီးမီးယားလိဂ်