ရှေ့သို့
Image

ဘရိုက်တန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့မယ့် လီဗာပူး ဝါရင့်ကွင်းလယ်လူ မီလ်နာ

10:52 AM, 5 May

လီဗာပူးကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာဟာ နွေရာသီမှာ ဘရိုက်တန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့မယ်လို့ GOAL က အတည်ပြုလိုက်ပါတယ်။

လက်ရှိရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၃၇ နှစ်အရွယ် ကစားသမားကိုခေါ်ယူနိုင်ဖို့ ချန်ပီယံရှစ် ချန်ပီယံ ဘန်လေအပါအဝင် အခြား ၃ သင်းနဲ့ ဘရိုက်တန်က ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အခုတော့ မီလ်နာဟာ မာဆေးဆိုဒ်မှာ ကစားခဲ့တဲ့ ၈နှစ်တာကာလကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။ သူဟာ လီဗာပူးအတွက် ၃၂၈ ပွဲ ကစားခဲ့ပြီး ဆုဖလား ၆ လုံး ရယူနိုင်ခဲ့ပါတယ်။ ကလော့ပ်က သူ့ကို နောက်ထပ် တစ်ရာသီလောက် ထပ်ပြီးထိန်းထားချင်ခဲ့သော်လည်း ကစားသမားနဲ့ ကလပ်ရဲ့လူကြီးတွေကြား တရားဝင်ဆွေးနွေးမှုတွေမရှိခဲ့ပါဘူး။

လယ်လန်နာနှင့်အတူကစားဖို့အတွက် ဘရိုက်တန်ဟာ ဝါရင့်ကစားသမားကြီးကို စည်းရုံးနိုင်ခဲ့ပါတယ်။ အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးဖို့ လီဗာပူးက မီလ်နာကို တောင်းဆိုခဲ့သော်လည်း ဘရိုက်တန်နဲ့က နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်လို့ GOALက သတင်းရရှိထားပါတယ်။

မီလ်နာနှင့်အတူ ကီတာ၊ ချိန်ဘာလိန်၊ ဖာမီနိုတို့အားလုံးဟာ နွေရာသီမှာ လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာကြမှာဖြစ်ပါတယ်။ လီဗာပူးဟာ ဘရိုက်တန်စတား မက်အလစ္စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ချဲလ်ဆီးက မောဆန်မောင့်၊ ဘိုင်ယန်မြူးနစ်က ဂရာဗန်ဘက်ချ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။ ဒီနွေရာသီမှာ ပထမအသင်းသို့ လူအင်အားဖြည့်တင်းလိုကြောင်း ကလော့ပ်က မကွက်မဝှက်တမ်းပြောကြားထားပါတယ်။

လက်ရှိရာသီမှာ လီဗာပူးဟာ ၄ ပွဲ ကစားရန် ကျန်ရှိနေသေးပြီး စနေနေ့မှာတော့ ဘရန့်ဖို့ဒ်နှင့် ကစားရမှာဖြစ်ပါတယ်။ မီလ်နာရဲ့ အနောက်ဆုံး အိမ်ကွင်းပွဲစဉ်ကတော့ မေလ ၂၀ ရက် စနေနေ့ အသင်းဟောင်းဖြစ်တဲ့ ဗီလာနဲ့ပွဲ ဖြစ်သွားနိုင်ပါတယ်။

#လီဗာပူး #ဘရိုက်တန် #အပြောင်းအရွှေ့ #မီလ်နာ