ရှေ့သို့
Image

မူဒရစ်ခ်ကို လေဆာနဲ့ ထိုးခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တစ်ဦး ဖမ်းဆီးခံရ

10:01 AM, 4 May

မနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ပရိသတ်တစ်ဦး ချဲလ်ဆီးစတား မူဒရစ်ခ်ကို လေဆာနဲ့ ထိုးခဲ့ပြီးနောက် ဖမ်းဆီးခံံခဲ့ရတယ်လို့ သိရပါတယ်။ မူဒရစ်ခ်ဟာ ဇန်နဝါရီတုန်းက အာဆင်နယ်ကို ပယ်ချပြီး ချဲလ်ဆီးကိ ပြောင်းခဲ့ပြီးနောက် ပထမဆုံး အမ်းမရိတ်မှာ ပါဝင်ခွင့်ရတဲ့ပွဲမှာ လန်ဒန်ပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ယူကရိန်းသားဟာ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့ပေမယ့် အစိမ်းရောင်လေဆာနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါလေဆာ နဲ့ အသက် ၂၂ နှစ်သားရဲ့မျက်နှာကို ပွဲပြီးခါနီးထိ ခိုးခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အဆိုပါပရိသတ်ကို ရဲတွေက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

မက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ “အသက် ၂၁ နှစ်အရွယ် အာဆင်နယ်ပရိသတ်တစ်ဦးဟာ မေလ ၂ ရက်နေ့ကကစားခဲ့တဲ့ အာဆင်နယ် နဲ့ ချဲလ်ဆီးပွဲမှာ လေဆာနဲ့ ကစားသမားကို တိုက်ခိုက်ခဲ့ပါတယ်။ ရလဒ်အရ အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲမှာ လက်မှတ်အတုလုပ်ခဲ့တဲ့သူတွေအပါအဝင် ၃ ဦးအဖမ်းခံခဲ့ရပါတယ်။ အဲ့ထဲက ၁ ဦးက ဘောလုံးစည်းကမ်းကို ချိုးဖောက်ခဲ့တာကြောင့်ပါ။ ဘောလုံးစည်းကမ်း ချိုးဖောက်ခဲ့တဲ့သူဟာ လေဆာနဲ့ တိုက်ခိုက်ခဲ့တာကြောင့်ပါ”လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

“ဒီလိုအမူအကျင့်က အန္တရာယ်များပြီး ဘယ်လိုမှလက်မခံနိုင်စရာပါ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ လိုအပ်တာတွေပူးပေါင်းဆောင်ရွက်သွားမှာပါ။ ပြီးတော့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေလည်း ချမှတ်သွားမှာပါ”လို့ အာဆင်နယ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လန်ဒန်ဒါဘီမှာ အိုဒီဂတ်၊ ဂျီးဆပ်စ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက် ချေပဂိုး တစ်ဂိုးကို မာဒူကီက သွင်းယူပေးနိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ပရီးမီးယားလိဂ် #မူဒရစ်