ရှေ့သို့
Image

ချဲလ်ဆီးက ပြိုင်ဘက်တွေအတွက် အရမ်းလွယ်လွန်းနေတယ်လို့ လမ်းပတ်ဝန်ခံ

9:53 AM, 3 May

ဖရန့်ခ်လမ်းပတ်က အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ချဲလ်ဆီးအသင်းသားတွေရဲ့ မတုန်မလှုပ်ဖြစ်ေှုကို ဝေဖန်သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ကို ရှုံးခဲ့ပြီးနောက် ၆ပွဲဆက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရသလို အဆိုပါအချိန်အတွင်း ၂ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဆိုပါနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ဇယားထိပ်ကို ပြန်တက်သွားခဲ့ကာ ချဲလ်ဆီးကတော့ အဆင့်၁၂နေရာမှာရှိနေကာ အဆင့်၁၀နေရာက ဖူလ်ဟမ်နဲ့ ၆မှတ်ကွာနေခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ လမ်းပတ်က ချဲလ်ဆီးအသင်းဟာ ပြိုင်ဘက်တွေအတွက် အရမ်းလွယ်လွန်းနေတယ်ဆိုပြီး ဝန်ခံသွားခဲ့ပါတယ်။

လမ်းပတ်က "ကျွန်တော်တို့က ပထမပိုင်းမှာ ပြိုင်ဘက်အတွက် အဘက်ဘက်က အလွယ်ဆုံးဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ ကစားနိုင်ခဲ့ပြီး ပိုခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲတွေ နိုင်ချင်နေတာကြောင့် ခုလိုခြေစွမ်းမျိုးပြသနေတာက ခံရခက်ပါတယ်။ အဲ့ဒါတွေကို ပြင်ဆင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ"လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ စနေညမှာတော့ အဆင့်၁၃နေရာမှာ အမှတ်တူအနေအထားနဲ့ ရှိနေတဲ့ ဘုန်းမောက်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #လမ်းပတ်