ရှေ့သို့
Image

အာဆင်နယ်လိုမျိုး အသင်းကို ပြုပြင်ပြောင်းလဲဖို့ ချဲလ်ဆီးကို တိုက်တွန်းလိုက်တဲ့ ယာယီနည်းပြ လမ်းပတ်

2:02 PM, 2 May

ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်သူများအဖြစ် ပြန်လည်တိုးတက်လာသည့် အာဆင်နယ်၏ အသွင်ကူးပြောင်းမှုကို အတုယူသင့်ပြီး ထိုသို့ပြုလုပ်ရန်အတွက် အချိန်များစွာ လိုအပ်မည်ဟု လမ်းပတ်က ယုံကြည်နေကြောင်းသိရှိရပါတယ်။

အာဆင်နယ်အသင်းသည် အင်္ဂါနေ့ညနေပိုင်းတွင် ချဲလ်ဆီးအသင်းအား အမ်းမရိတ်ကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး  လမ်းပတ်သည် ၎င်း၏အသင်းအား ပရီးမီးယားလိဂ်တွင် ကြုံတွေ့နေရသည့် ရလဒ်ဆိုးများမှ ရုန်းထွက်ရန် ကြိုးစားနေကြောင်းသိရပါတယ်။

ချဲလ်ဆီးအသင်းသည် မကြာမီကာလတွင် အမြဲတမ်းမန်နေဂျာအဖြစ် ပိုချက်တီနို ကို ခန့်အပ်ဖွယ်ရှိနေပြီး တော့တင်ဟမ်နည်းပြဟောင်းသည် လာမည့်ရာသီတွင် ကွင်းတွင်းစွမ်းဆောင်ရည်များ သိသိသာသာတိုးတက်ရန်နှင့် စတန်းဖိုဒ်ဘရစ်ချ်ရှိ ကြီးမားသောလူစာရင်းရှိနေသည့်အသင်းအား ကိုင်တွယ်ရန် ခက်ခဲသောအလုပ်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့သည့်လက ယာယီနည်းပြအဖြစ် ခေါ်ယူခံခဲ့ရပြီးကတည်းက ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့သည့် လမ်းပတ်က ချဲလ်ဆီးအသင်းသည် ယခုရာသီမှ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး အလျင်စလို မလုပ်ရန် နှင့် အာဆင်နယ်အသင်းကဲ့သို့ အောင်မြင်မှုရရှိရန် အချိန်ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက အာဆင်နယ်လို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်းဖြစ်နေပြီလို ယုံကြည်လားလို့ မေးတဲ့အခါ လမ်းပတ်က "အာဆင်နယ်ဇာတ်လမ်းကို နှိင်းယှဉ်ရတာက စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ပါတယ်၊ ဘာဖြစ်လိုလဲဆိုတော့ အာဆင်နယ်အကြောင်း နည်းနည်းလေး ထိုးထွင်းသိမြင်ထားလို့ပဲ ထင်ပါတယ်။ အခုသူတို့ ဘာတွေလုပ်နိုင်နေလဲကြည့်၊ ကိုယ့်ကိုကိုယ်ဘောလုံးသမားလို့မြင်ကြည့်ရင် စိတ်ဝင်စားဖို့ကောင်းတဲ့ စီးရီးတစ်ခုကြည့်နေရသလိုပါပဲ။ ကျွန်တော် ပထမဆုံး ချဲလ်ဆီးမန်နေဂျာဖြစ်တုန်းက အာတီတာရဲ့အသင်းနဲ့ တွေ့ဆုံဖူးပြီး သူဘာကိုလိုချင်နေလဲဆိုတာ ကောင်းကောင်းမြင်နိုင်ပါတယ်။ တခါတရံ နောက်တန်းမှာ ငါးယောက်၊ တခါတရံ လေးယောက်၊ တခါတရံမှာ လေးခုနဲ့ တည်ဆောက်ပြီး ငါးခုနဲ့ ကာကွယ်တယ်၊ ဒါတွေအကုန်လုံးကို မှတ်မိတယ်။ အခုတော့ သူတို့မှာ အရမ်းရှင်းရှင်းလင်းလင်းရှိတဲ့ အထောက်အထားတွေ ရနေပြီ၊ သူတို့မှာ လူသစ်စုဆောင်းတာ၊ လူစာရင်းပြောင်းတာ၊ အသင်းတော်တော်စုံအောင်၊ ကြုံဖူးတဲ့ ကစားသမားတွေထက် တခြားအဆင့်မြင့်တဲ့ အကယ်ဒမီကစားသမားတွေ အမြဲလိုအပ်နေပြီး အဲ့ဒီကစားသမားတွေက သူတို့မှာ ရှိနေတာ သေချာပါတယ်။ ဒါပေမယ့် အာတီတာ အဖွဲ့ကနေတစ်ဆင့် ညှိနှိုင်းမှုကနေ၊ ကောင်းမွန်တဲ့စုဆောင်းမှုတွေအများကြီးလုပ်ခဲ့တယ်။ ဒီရာသီက တစ်ညတည်းနဲ့ ရောက်လာတာလို့ ပြောရင်၊ ရာသီအစနဲ့ ပိုခက်ခဲတဲ့ ကာလတွေကို ပြန်သွားသင့်တယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့လည်း ဒီလိုလုပ်ဖို့ အလားအလာရှိမယ် ထင်ပါတယ်။ ဟုတ်ကဲ့။ သွားမယ့်လမ်းတစ်လျှောက်မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ အချိန်အများကြီးယူရမလားဆို ဟုတ်ပါတယ်။ အချိန်ယူရပါမယ်။ ဒါပေမယ့် လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်တယ်”

ကျွန်တော်မြင်ခဲ့တာက  "အာဆင်နယ်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်၊ မန်နေဂျာကို အကြိမ်ကြိမ် မေးခွန်းထုတ်ခံရတဲ့အချိန်တွေ၊ ပိုင်ရှင်တွေကို မေးခွန်းထုတ်တာတွေ၊ ကစားသမားတွေရဲ့စွမ်းဆောင်ရည်တွေကို မေးခွန်းထုတ်ခံရတဲ့ အချိန်တွေကို မှတ်မိနေတာပါပဲ။ ဒီလုပ်ငန်းစဉ်က နှစ်နှစ်၊ သုံးနှစ်လောက် ကြာနိုင်တယ်။ ပြီးတော့ အဲဒီနှစ် နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ အများကြီးချပြီး ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဆက်ပြီး လုပ်ဆောင်ရမယ်။ သူတို့ဟာ ကောင်းမွန်တဲ့ စံနမူနာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အရမ်းကောင်းတဲ့ နည်းပြနဲ့ ကစားသမားကောင်းတွေနဲ့ အတူ အခုသူတို့ ဘာကြောင့်ထိပ်တန်းကို ရောက်နေရတာလဲဆိုတဲ့ အဖြေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #လမ်းပတ် #ပရီးမီးယားလိဂ်