ရှေ့သို့
Image

ပဲလေ့စ်စတားကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ အာဆင်နယ်

10:01 AM, 2 May

သတင်းတွေအရ အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဝီလီယံဆာလီဘာရဲ့ဒဏ်ရာအခြေအနေကြောင့် အာဆင်နယ်ဟာ လာမယ့်ရာသီသစ်အတွက် ဆာလီဘာအရန်အဖြစ် ဂူဟီကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဆာလီဘာမပါနိုင်တဲ့အနေအထားမှာ အာဆင်နယ်ရဲ့ရလဒ်တွေက ဆိုးဝါးလာခဲ့ပြီး ဟိုးလ်ဒင်းက ပြင်သစ်သားနေရာမှာ အစားထိုးနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ အသင်းရဲ့လူစာရင်းကို အားမရဖြစ်နေပြီး နွေရာသီမှာ လူအင်အားဖြည့်တင်းပေးဖို့ အလိုရှိနေကြပါတယ်။

ဂူဟီဟာ ဒီရာသီပဲလေ့စ်အသင်းအတွက် ပုံမှန်ကစားခွင့်ရနေတာဖြစ်ပြီး အသင်းကို အများကြီး ကူညီပေးနေတာဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ချဲလ်ဆီးကနေ ပဲလေ့စ်ကိုပြောင်းလာပြီးကတည်းက ၇၈ ပွဲအထိ ပါဝင်ကစားထားသလို အင်္ဂလန်အတွက်လည်း ၃ ပွဲပါဝင်ကစားထားပါတယ်။ သူတို့စတားအတွက် ပဲလေ့စ်ရဲ့တောင်းဆိုတဲ့တန်ကြေးမသိရသေးပေမယ့် မြင့်မားဖွယ်တော့ရှိနေတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ၂၀၂၁ တုန်းက ပဲလေ့စ်ကို ၅ နှစ်စာချုပ်နဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး အလျင်စလိုရောင်းချဖို့တော့ မရှိတာဖြစ်ပါတယ်။ ပဲလေ့စ်နောက်ခံလူကို အာဆင်နယ်အပြင် မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းကလည်း အလိုရှိနေပါတယ်။ အာဆင်နယ်ဟာ ဒိုင်နမိုဇာဂရက်နောက်ခံလူ ဂျိုဆစ်စတူအာလိုကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့ #ဂူဟီ