ရှေ့သို့
Image

အာဆင်နယ်ကနေ အပြီးသတ်ထွက်ခွာတော့မယ့် ချာလီပါတီနို

9:33 AM, 2 May

အာဆင်နယ် ကွင်းလယ်လူ ချာလီပါတီနိုတစ်ယောက် အခုနွေရာသီမှာ အသင်းကနေ အပြီးသတ်ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ပါတီနိုဟာ လက်ရှိရာသီ ဘလက်ပူးလ်အသင်းမှာ အငှားကစားနေပြီး တန်းဆင်းဇုန်မှာ ရုန်းကန်နေရပေမယ့် သူကတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်သားဟာ နွေရာသီမှာ ထွက်ခွာမှာဖြစ်ပေမယ့် စာချုပ်သက်တမ်းက ၂ နှစ် ကျန်နေသေးတာဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရချင်တာကြောင့် အာဆင်နယ်ကနေ ထွက်ခွာချင်တာဖြစ်သလို အငှားလည်းထပ်ပြီး မထွက်ချင်တော့တာကြောင့် ထွက်ခွာချင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဘက်ကလည်း ကစားသမားရဲ့ဆန္ဒကို နားလည်တာကြောင့် အခုနွေရာသီမှာ ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။ ပါတီနိုဟာ အာဆင်နယ်ကိုအသက် ၁၁ နှစ်ကတည်းက ပြောင်းလာခဲ့တာဖြစ်ပြီး အကယ်ဒမီတစ်လျှောက် အသက်အရွယ်အလိုက် ခြေစွမ်းတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အတွက် ပွဲဦးထွက်ပါဝင်ခွင့်ရတာဖြစ်ပြီး ဆန်းဒါးလန်းကို ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ အနိုင်ရတုန်းက အရန်ခုံကနေ လူစားဝင်လာပြီး ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပါတီနိုဟာ အက်ဖ်အေဖလားမှာ နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့တဲ့ပွဲတုန်းကလည်း ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အာဆင်နယ်အတွက် အနာဂတ်မှာ အားထားရတဲ့သူဖြစ်နိုင်တာကြောင့် တကယ်လို့ ရောင်းချဖြစ်ခဲ့ရင်လည်း ပြန်လည် ဝယ်ယူခွင့်ထည့်သွင်းထားဖို့  လိုအပ်တာဖြစ်ပါတယ်။

#အာဆင်နယ် #ပါတီနို #ပရီးမီးယားလိဂ်