ရှေ့သို့
Image

ချဲလ်ဆီး ပိုင်ရှင်တွေက ပေါ်တာကို မဖြစ်နိုင်တဲ့ အလုပ်ပေးခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ကလော့ပ်

10:34 AM, 1 May

စက်တင်ဘာလမှာ တူချယ်ရဲ့နေရာနေကို အစားဝင်ရောက်လာခဲ့တဲ့ ပေါ်တာဟာ ယခုလအစောပိုင်းမှာ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ယာယီနည်းပြဖြစ် လမ်းပတ်ရောက်လာချိန်မှာလည်း အသင်းဟာ ပွဲစဉ် ၅ ပွဲစလုံးကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို ပြုပြင်ဖို့အတွက် နွေရာသီကတည်းက တော့ဘိုလီတို့ဟာ ငွေကြေးများစွာ အသုံးပြုခဲ့တာဖြစ်ပြီး ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် သန်း ၆၀၀ နီးပါးလောက်အထိ သုံးထားတာဖြစ်ပါတယ်။ အပြောင်းအရွေ့မှာ ချဲလ်ဆီးရဲ့ မဟာဗျူဟာမရှိခြင်းက စတန်းဖို့ဒ်ဘရစ်ချ်မှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ ဘယ်နည်းပြအတွက်မဆို ခက်ခဲစေခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပြီး လီဗာပူးကတော့ ဒီလိုအမှားမျိုးမလုပ်ခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။

"အရိုးသားဆုံးပြောရရင် ချဲလ်ဆီးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူဟာ ထိပ်တန်း အသင်းဖြစ်သော်လည်း အခြားတစ်ဖက်သို့ ရောက်နေသလိုဖြစ်နေပါတယ်။ ထိပ်တန်းကစားသမားတွေနဲ့အတူ အောင်မြင်မှုကို မယူဆောင်လာနိုင်တာကတော့ ခက်ခဲတယ်လို့ ထင်မိပါတယ်" "အသင်း တစ်သင်းကို တည်ဆောက်နေတယ်ဆိုပါစို့၊ အသင်းသားတွေကို သိသိသာသာလျော့တွက်တယ်ဆိုရင် နည်းပြအတွက် မဖြစ်နိုင်တဲ့အလုပ်ကို ပေးလိုက်သလိုပါ"

"အဝတ်လဲခန်းနှစ်ခု ရှိလို့မရပါဘူး။ ကွင်း ၂ ခုခါ လေ့ကျင့်လို့မရပါဘူး။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရမယ်။ အသင်းစိတ်ဓာတ်ကောင်းကို တည်ဆောက်ရမယ်၊ အဲ့ဒါတွေကသာ ကျွန်တော် ပျော်ရွင်နေတဲ့ အကြောင်းပြချက်ပါပဲ" "အဆုံးသတ်မှာ ချဲလ်ဆီးက ရှာဖွေတွေ့ရှိရမှာဖြစ်ပြီး လာမယ့်နှစ်မှာ မယုံကြည်နိုင်လောက်အောင် တိုးတက်ရမှာဖြစ်ပါတယ်။ သူတို့တွေကို စံနမူနာအဖြစ် ပြချင်ပါတယ်" "အဆင့်မြင့်တန်းမှာ ကျွန်တော်တို့က ဒီလိုမျိုးမလုပ်နိုင်ပါဘူး။ လီဗာပူးကလည်း ဒီလိုမျိုးလုပ်မှာမဟုတ်ပါဘူး"
"အသင်းသစ်ကိုတည်ဆောက်ဖို့ သင့်တော်တဲ့ ကစားသမားကိုခေါ်ယူရမှာပါ။ အသင်းက စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ခုကို ရေးရမှာဖြစ်သလို အခု ကျွန်တော်တို့က အသစ်တစ်ခုကို စတင်လိုက်ပါပြီ" လို့ ကလော့ပ်က ပြောပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #ပေါ်တာ #ပရီးမီးယားလိဂ်