ရှေ့သို့
Image

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ်စံချိန်တွေကို လိုက်မီဖို့ ပစ်မှတ်ထားနေတဲ့ ဂွါဒီယိုလာ

1:36 PM, 30 April

၂၀၂၂-၂၃ ရာသီတွင် မန်စီးတီးက သမိုင်းကြောင်းရေးထိုးရန် အတွက် ကြိုးစားနေပြီး ဂွါဒီယိုလာဟာ ဖာဂူဆန်တင်ထားတဲ့ စံချိန်တွေကို လိုက်မီဖို့အတွက် ရှိနေတာဖြစ်ပါတယ်။


ဘောလုံးလောကမှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ တော်တော်များများက သတ်မှတ်ခဲ့တဲ့ ယူနိုက်တက်နည်းပြဟောင်း ဖာဂူဆန်ဟာ အိုးထရက်ဖို့ဒ်မှာရှိခဲ့တဲ့ ၂၇ နှစ်တာကာလအတွင်း မျိုးဆက်သစ်တွေရဲ့အနာဂတ်အတွက် စံချိန်တွေထားခဲ့တာဖြစ်ပါတယ်။


ပြိုင်ဘက်နည်းပြဟောင်းကြီဖြစ်တဲ့ အာဆင်ဝင်းဂါးနှင့်အတူ Premier League Hall of Fame တွင် ပါဝင်လာတဲ့ ဖာဂူဆန်ဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ၁၃ ကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။


အသက် ၈၁ နှစ်အရွယ် ဖာဂူဆန်ဟာ ဆုဖလားတွေများစွာရရှိထားသူဖြစ်ပြီး အီသီဟက်တွက် နောက်ထပ် ဆယ်စုနှစ် တစ်ခုအထိ ဂွါဒီယိုလာဆက်မရှိခဲ့ဘူးဆိုရင် စကော့တလန်သားရဲ့စံချိန်တွေက ဒီတိုင်းဆက်ရှိနေမှာဖြစ်ပါတယ်။


မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရရှိထားတဲ့ စပိန်နိုင်ငံသားဟာ ဖာဂူဆန်စတင်ရှိထားတဲ့ စံချိန်တွေကို လိုက်မီဖို့ မျက်စိကျနေတာဖြစ်ပါတယ်။


အာဆင်နယ်အား ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားပြိုင်ဆိုင်မှုကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကာ ဘာစီလိုနာနည်းပြဟောင်းဟာ မန်စီးတီးကို ၃ နှစ်ဆက်တိုက် ချန်ပီယံဘွဲ့ရရှိရန် ဦးဆောင်နိုင်ဖို့ရှိနေတာဖြစ်ပါတယ်။


ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ ဖာဂူဆန်ကသာ ၃ နှစ်ဆက်တိုက် ဆုဖလားရရှိထားတဲ့ တစ်ဦးတည်းသောနည်းပြဖြစ်ပါတယ်။ စကော့တလန်သားဟာ ဒီလိုအနေအထားမျိုးကို ၂ ကြိမ် တိုင်တိုင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ဦးဆောင်မှုက ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ကြားဖြစ်ပြီး ၁၉၉၈-၉၉ ရာသီတွင် ဆုဖလား ၃ လုံးရရှိခဲ့ခြင်းကလည်း ပါဝင်နေပါတယ်။


မန်စီးတီးဟာ ဆုဖလား ၃ လုံးရရှိဖို့ ပြိုင်ဆိုင်နေပြီး ဂွါဒီယိုလာဟာ ဖာဂူဆန်ရဲ့ သမိုင်းဝင် အောင်မြင်မှုကို လိုက်မီဖို့ အက်ဖ်အေဖလားဖိုင်နယ်တွင် ယူနိုက်တက်ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။


မန်စီးတီးဟာ ပရီးမီးယားလိဂ်ဆုဖလားကို အာဆင်နယ်ထံ ပေးလိုက်ရနိုင်သေးတာဖြစ်သော်လည်း လက်ရှိခြေစွမ်းတွေအရ အဲ့ဒီလိုမျိုးမဖြစ်နိုင်နေတာလည်းဖြစ်ပါတယ်။


စံချိန်တင် ချန်ပီယံလိဂ်ဆုဖလားရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းကြီးဖြစ်တဲ့ မန်စီးတီးနှင့် ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။


၂၀၂၀-၂၁ ရာသီတွင် ဥရောပချန်ပီယံဆုနှင့်လွဲချော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာလည်း မန်စီးတီးဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ဆုဖလားကိုမရရှိခဲ့ရင်တောင် လိဂ်သမိုင်းကြောင်းမှာ ဒုတိယအောင်မြင်မှုအရှိဆုံးနည်းပြအဖြစ် ရှိနေမှာဖြစ်ပြီး ဝင်းဂါးနှင့် မော်ရင်ဟိုတို့ကို ကျော်ဖြတ်သွားနိုင်မှာလည်းဖြစ်ပါတယ်။


လက်ရှိရပ်တည်မှုတွေအရ နောက်ထပ် ပရီးမီးယားလိဂ်ဆုဖလားကိုရရှိဖို့က စပိန်နိုင်ငံသားနည်းပြအတွက် သေချာလုနီးနီးရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဖာဂူဆန် #ပရီးမီးယားလိဂ်