ရှေ့သို့
Image

ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရခြင်းမရှိတဲ့ စတာလင်

1:16 PM, 30 April

အင်္ဂလန်တိုက်စစ်မှုးဟာ ချဲလ်ဆီးဟာ ဒေါ်လာ ၅၆.၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်သော်လည်း ပြိုင်ပွဲစုံ ၃၃ ပွဲကစားထားပြီးနောက် ၇ ဂိုးသား သွင်းယူထားနိုင်တာဖြစ်ပါတယ်။


လက်ရှိရာသီမှာ ချဲလ်ဆီးဟာ နည်းပြ တူချယ်နှင့် ပေါ်တာတို့ကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။


The Sun နှင့် အင်တာဗျူးမှာ စတာလင်က "ကွင်းကနေထွက်ခွာရတဲ့အချိန်မှာ ကျွန်တော်တို့တွေက အရမ်းကို စိတ်ပျက်ဒေါသထွက်မိပါတယ်"


"အဝတ်လဲခန်းထဲမှာထိုင်နေပြီး အသင်းသားတွေကစားရတာကို ကြည့်ရတဲ့အချိန်တွေလည်းရှိပါတယ်။ ဘာဖြစ်သွားလဲဆိုတာ နားမလည်နိုင်ပါဘူး"


"ဒါက မလွယ်ကူပါဘူး။ တစ်ပတ်ပြီးတစ်ပတ် ပွဲတွေအနိုင်ရရှိတဲ့ ခံစားချက်က အဝတ်ခဲခန်းရှိအားလုံးနဲ့ ရင်းနှီးပါတယ်။ အဲ့ဒီလိုမျိုး ပြန်ရချင်ပါတယ်။ ဒီနှစ်မှာ အဲ့ဒီလိုမလုပ်နိုင်ခဲ့ပါဘူး"


"ကျွန်တော်အပါအဝင် အားလုံးရဲ့ စွမ်းဆောင်ရည်တွေကလည်း ရှိသင့်တဲ့အဆင့်သို့မရောက်သေးပါဘူး"


"ကျွန်တော်တို့က ရလဒ်ကောင်းတွေ၊ ဆုဖလားတွေရရှိချင်ပါတယ်။ ဒါကလည်း နှစ်ပေါင်းများစွာအထိ ဘောလုံးတစ်သင်းရဲ့ အဓိက ဆွဲဆောင်ချက်ပါပဲ။ ဒါကြောင့်ပဲ သမိုင်းကြောင်းကြီးမားတဲ့ ချဲလ်ဆီးသို့ ပြောင်းလာခဲ့တာပါ။ အဲ့ဒီအပေါ် နောင်တမရမိပါဘူး" လို့ စတာလင်က ပြောပါတယ်။


အင်္ဂါနေ့မှာတော့ ချဲလ်ဆီးဟာ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #စတာလင် #ပရီးမီးယားလိဂ်