ရှေ့သို့
Image

အရင်ကပေါ့ဂ်ဘာကို ပြန်လိုချင်တယ်လို့ ပြောကြားလိုက်တဲ့ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ

10:06 AM, 30 April

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ဂျုဗင်တပ်စ်အသင်းသို့ပြန်ရောက်ကတည်းက ပေါ့ဂ်ဘာ၏ ဒဏ်ရာပြဿနာများကြောင့် စိတ်ပျက်မိကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။


ပြင်သစ်လက်ရွေးစင်ကစားသမားသည် ယခုရာသီအစတွင် တူရင်ကလပ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာပြဿနာများ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတယ်။


ပေါ့ဂ်ဘာသည် ၎င်း၏ပေါင်ကြွက်သားများ ပြန်လည်မကောင်းမွန်ခင် တစ်ဝက်တစ်ပျက်မှာပဲ ဒူးခေါင်းခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သောကြောင့် စက်တင်ဘာလအစောပိုင်းမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။


မတ်လတွင် ကြုံတွေ့ခဲ့ရသည့် ၎င်း၏ လတ်တလော ပြဿနာမှာ ကွင်းလယ်ကစားသမားသည် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲပေါင်း ၄၇ ပွဲအထိ လွဲချော်ခဲ့ပြီး ယခုရာသီတွင် ဘောလုံးကစားချိန် ၇၄ မိနစ်သာ ရှိခဲ့တာဖြစ်ပါတယ်။


တနင်္ဂနွေနေ့က ဘိုလော့ဂ်နာနှင့် စီးရီးအေပွဲစဉ်တွင် တွေ့ဆုံမှုအတွက် ၎င်း၏ဒဏ်ရာသတင်းကို မေးမြန်းရာတွင် အယ်လီဂရီက ပေါ့ဘာအပေါ် ၎င်း၏စိတ်ပျက်မှုကို ဖုံးအုပ်ကာ သတင်းထောက်များအား “ပေါ့ဘာ ဟာ တစ်နှစ်တာလုံးအနားယူနေခဲ့ရပါတယ်။ ပြီးတော့ သူက ဂိမ်းကစားဖို့ အကောင်းဆုံး အခြေအနေမှာ မရှိပါဘူး။ ကျွန်တော် ပေါ့ဘာကို ပထမဆုံး နည်းပြတုန်းက အခြေအနေကို ပြန်လိုချင်ပေမယ့် အခုအချိန်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အများအားဖြင့်တော့ ဒဏ်ရာတစ်ခုထပ်ရလေလေ ပြန်ကောင်းလာဖို့ ပိုကြာလေပါပဲ။


ဂျူဗင်တပ်စ်မှာ ကောင်းတဲ့ကစားသမားတွေတောင်မှ ပွဲ ၃၀ ဒါမှမဟုတ် ၄၀ ကစားဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါက ဘူဖွန်ပြောခဲ့ဖူးတာက " ဂျူဗင်တပ်စ်ကို ပထမနှစ်ရောက်တုန်းက ဘာမှနားမလည်ခဲ့ပါဘူး၊ ဒုတိယနှစ်မှာလည်း ကျွန်တော် ဂျူဗင်တပ်စ်ရဲ့ အထာတွေကိုနားမလည်ခဲ့ဘူး၊ ဂျူဗင်တပ်စ်ဟာ ထူးခြားတဲ့ အရာတစ်ခုပါ၊ ဖိအားတွေရှိပါတယ်။ တိုးတက်မှုအတွက် အချိန်တွေရှိတယ်။ ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ ရှေ့ကို ဆက်သွားရမယ်။ အခုအချိန်က အခက်ခဲဆုံး အခိုက်အတန့်ပါပဲ၊"လို့ပြောခဲ့ဘူးတာတွေကို ပေါ့ဘာဆီပြန်ပြောရပါတော့မယ်။" လို့ အယ်လီဂရီကပြောကြားခဲ့ပါတယ်။


အယ်လီဂရီ ရည်ညွှန်းသည့်အတိုင်း၊ ဂျူဗင်တပ်စ်အသင်း သည် ၎င်းတို့၏ရာသီ၏ အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ၎င်းတို့သည် ငွေကြေးမတည်မငြိမ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် ယခင်က ပြစ်ဒဏ်ချမှတ်ခံထားရပြီး လျှော့ခံရတဲ့ လိဂ်အမှတ် ၁၅ မှတ် ကို ပြန်လည်အသုံးချရန် ရည်ရွယ်ထားကြောင်းသိရပါတယ်။


အယ်လီဂရီဟာ ဒီကာလတစ်လျှောက်လုံး သူ့အသင်းကို အကောင်းဆုံး ထိန်းကွပ်ထားနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ အနိုင်ရဖို့ ပျက်ကွက်ခဲ့ပြီး အခုချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးဖို့ သုံးမှတ်သာ ကျန်ပါတော့တယ်။


အင်တာမီလန်ကိုရှုံးနိမ့်ပြီး ကိုပါအီတလီယာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီးနောက်၊ ဂျူဗင်တပ်စ်ရဲ့ အာရုံစိုက်မှုက ပြည်တွင်းတစ်ခုတည်းသာကျန်ရှိနေပြီး စီးရီးအေမှာ ထိပ်ဆုံးလေးသင်းဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။


တနင်္ဂနွေနေ့မှာ ဘိုလော့ဂ်နာနှင့် အဝေးကွင်းခရီးစဉ်အပြီးမှာ ဂျူဗင်တပ်စ်အသင်းဟာ မေလ ၃ ရက်နေ့တွင် အိမ်ကွင်းမှာ လက်ချီ နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ #အယ်လီဂရီ