ရှေ့သို့
Image

ချန်ပီယံလိဂ်အိပ်မက်ကို ဖြည့်ဆည်းဖို့ မာဆေးလ်ထံ ပြောင်းရွှေ့လိုနေတဲ့ ဇာဟာ

9:56 AM, 30 April

တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဇာဟာ သည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် စာချုပ်သက်တမ်းမကုန်မီ ၎င်း၏ရွေးချယ်ခွင့်များကို ဆက်လက် ချိန်ဆနေပြီး မာဆေးလ်သို့ ပြောင်းရွှေ့ရန် ကမ်းလှမ်းခံထားရကြောင်း မီဒီယာအချို့ကဖော်ပြခဲ့ပါတယ်။


အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် မကြာသေးမီနှစ်များအတွင်း ပရီးမီးယားလိဂ်၏ အကောင်းဆုံးတောင်ပံကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ၎င်း၏ကစားသမားဘဝသက်တမ်းတစ်လျှောက်တွင် ခရစ်စတယ်ပဲလေ့စ်အသင်း၏ သူရဲကောင်းတစ်ဦးအဖြစ် မကြာခဏ သက်သေပြခဲ့သူဖြစ်ပါတယ်။


ယခု အသက် ၃၀ နှစ်ရှိပြီဖြစ်သော ဇာဟာ သည် ၎င်း၏ အနာဂတ်အတွက် စဉ်းစားနေပါတယ်။ ဇာဟာ သည် ချန်ပီယံလိဂ် စင်မြင့်တွင် ကစားနိုင်ရန်အိပ်မက်များရှိကြောင်းကိုပြောကြားခဲ့ပြီး ၎င်း၏ကိုယ်စားလှယ်များသည် ပြင်သစ် ကလပ် မာဆေးလ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့နိုင်ရန် မာဆေးလ်အသင်းနှင့်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။


မာဆေးလ်သည် လက်ရှိတွင် လီဂူး-၁ ဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင့် ၃ နေရာမှ အသင်းနှင့် ပလေးအော့ဖ်ခြေစစ်ပွဲအဆင့်ကိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


မာဆေးလ် သည် ထိပ်ဆုံးမှ ပီအက်စ်ဂျီ နှင့် ရှစ်မှတ်အကွာတွင် ရပ်တည်နေပြီး တတိယနေရာမှ လန်းစ် နှင့် တစ်မှတ်အသာကွာကာ အဆင့်လေးတွင်ရှိနေသော မိုနာကိုထက် ခြောက်မှတ်အသာရှိနေတာဖြစ်ပါတယ်။


အထူးသဖြင့် အင်္ဂလန်ထိပ်တန်းကလပ်များ၏ကစားသမားများကို စိတ်ဝင်စားမှု ခမ်းခြောက်သွားသည့်အတွက် ဇာဟာသည် အသင်းအများအပြား၏ ဆန်ခါတင်စာရင်းတွင် ရှိနေသော်လည်း ၎င်းတို့အတွက် ပထမဦးစားပေး ပစ်မှတ်မဟုတ်တော့ပေ။


ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဇာဟာကို အကျိုးအမြတ်ရှိတဲ့ စာချုပ်သစ်နဲ့ အသင်းမှာဆက်ရှိဖို့ ကြိုးစားနေဆဲဖြစ်ပြီး ပြန်လာတဲ့ မန်နေဂျာ ရွိင်းဟော့ဆန်က မကြာသေးမီက တောင်ပံကစားသမားရဲ့ အနာဂတ်အကြောင်း ပြောဆိုခဲ့ပါတယ်။


"ကလပ်ကို စိတ်ဝင်စားပြီး ဇာဟာ ကို သဘောကျတဲ့အတွက် သူ့ကို ဆက်နေစေချင်ပါတယ်။ ကလပ်ရဲ့အမြင်အရတော့ သူက စားပွဲပေါ်တင်ထားတဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး သူ့ရဲ့အနာဂတ်က ဒီနေရာမှာပဲ ဆုံးဖြတ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"လို့ နည်းပြ ရွိင်းဟော့ဆန်က ပြောကြားခဲ့ပါတယ်။


ထို့ပြင်ဇာဟာသည် ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်အီတီဟတ် ထံမှ ကြီးမားသော စာချုပ်ကမ်းလှမ်းမှုတစ်ခုကိုလည်း လက်ခံရရှိထားကြောင်း 90min က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့ပါတယ်။

#ဇာဟာ #ခရစ္စတယ်ပဲလေ့စ် #မာဆေးလ် #ပရီးမီးယားလိဂ်