ရှေ့သို့
Image

မန်စီးတီးအသင်း ဖလားသုံးလုံးရဖို့ တတ်နိုင်သမျှကူညီသွားမယ်လို့ ပြောကြားလိုက်တဲ့ ဝေါလ်ကာ

9:50 AM, 30 April

မန်စီးတီးနောက်ခံလူတစ်ဦးဖြစ်တဲ့ ဝေါ်လ်ကာက မကြာသေးမီက သူ့ရဲ့ပွဲကစားချိန် နည်းပါးမှုကြောင့် စိတ်ပျက်မိပေမယ့် ဖလားသုံးလုံးလမ်းကြောင်းပေါ်က မန်စီးတီးကို ကူညီဖို အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။


အင်္ဂလန်လက်ရွေးစင် ဝေါလ်ကာ သည် မန်စီးတီးအသင်းတွင် ဂွါဒီယိုလာ အတွက် အရေးပါသော ကစားသမားအဖြစ် ကာလကြာရှည်စွာ ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု လေးကြိမ်တိုင်တိုင် ရယူနိုင်ခဲ့သော်လည်း ၎င်း၏ မန်နေဂျာမှ နည်းဗျူဟာအချို့ကို ပြောင်းလဲပြီးနောက် ပွဲထွက်ခွင့် နည်းပါးလာတာဖြစ်ပါတယ်။


ဂွာဒီယိုလာသည် ဧပြီလအစတွင် ၎င်း၏ ၃-၂-၄-၁ ကစားကွက်တွင် မကစားနိုင်ခဲ့တဲ့  ဝေါလ်ကာ၏ မန်စီးတီးအနာဂတ်အပေါ် သံသယဝင်ခဲ့ပါတယ်။


နိုင်ငံတကာပွဲများပြီးဆုံးချိန်မှစ၍ တော့တင်ဟမ်အသင်းနောက်ခံလူဟောင်းသည် ၅ ပွဲသာကစားခဲ့ရပြီး ၃ ပွဲသာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပါတယ်။ ထိုပွဲစဉ်တွေကတော့ လက်စတာ၊ ရှက်ဖီးယူနိုက်တက်နှင့် မကြာသေးမီက ကစားခဲ့တဲ့  အာဆင်နယ်အသင်းတို့ပဲဖြစ်ပါတယ်။


"ဘောလုံးလောကမှာ အဆင်မပြေတာ ဒါမှမဟုတ် ပုံစံနည်းနည်းဆိုးတဲ့အခါ တစ်ခါတစ်လေ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်အမြဲတမ်း ကစားသမားဘဝ စချိန်ကိုပြန်တွေးပါတယ်။ ကျွန်တော့်အတွက် ပျော်ရွင်မှုတွေက ဘယ်ကလာလဲလို့ပေါ့။ တစ်ခါတစ်ရံမှာ စိတ်ရဲ့ထိန်းချုပ်မှု မရှိတော့ဘဲ ကျွန်တော်တို့အားလုံးက ကစားသင့်တယ်လို့ ထင်နေကြတယ်။


ဒါကို ဘယ်လိုတုံပြန်လဲ။ အဆိုးဆုံးပဲ၊ မကစားရတာကို မုန်းတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေ့အကြုံနဲ့ အသက်အရွယ်အရတော့ 'အိုကေ၊ ကျွန်တော် မန်နေဂျာနဲ့ တစ်ဖက်တည်းရပ်ပြီး အသင်းအတွက် ဒီမှာရှိနေမယ်' လို့ ဆုံးဖြတ်ခဲ့ပါတယ်။


နောက်ပြီး အသင်းဖော်တွေကို သေချာအားပေးမယ်။ အဲဒါက အဝတ်လဲခန်းထဲမှာ ကြိုအော်နေတာပဲဖြစ်ဖြစ်၊ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲလိုပေါ့။ အခြားကစားသမားတွေ  အောင်ပွဲခံနိုင်စေဖို့အတွက် ကပ္ပတိန်တစ်ယောက်အနေနဲ့ တတ်နိုင်သလောက် လုပ်ဖို့လိုတယ်။" လို့ ဝေါ်လ်ကာ ကပြောကြားခဲ့ပါတယ်။


ဂျွန်စတုန်း သည် ဂွါဒီယိုလာရဲ့ စနစ်သစ်မှာ အကန်ဂျီး၊ ရူဘင်ဒီယက်စ်နှင့် နေသန်အကီ တို့ နောက်တန်း ၃ ယောက်ရှေ့မှာ ရိုဒရီနဲ့အတူ ကွင်းလယ်မှာ အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။


သို့သော် ဗုဒ္ဓဟူးနေ့က အာဆင်နယ်ကို ၄-၁ ဖြင့်အနိုင်ရခဲ့သောပွဲတွင် ဝေါ်လ်ကာ သည် ဘရာဇီးလ်တိုက်စစ်မှူး မာတင်နယ်လီ ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။


မန်စီးတီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်နဲ့ အီတီဟတ်မှာ ကစားရမှာဖြစ်ပါတယ်။  အင်္ဂါနေ့ညတွင် ချဲလ်ဆီးအသင်းနှင့် ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်ထိပ်သီးအာဆင်နယ်တို့ရဲ့ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီးဟာ ဖူဟမ်ကို အနိုင်ကစားပြီး အာဆင်နယ်နှင့်ကွာဟနေတဲ့ ၂ မှတ်ကို ဖြတ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ကိုင်လီဝေါ်ကာ #ပရီးမီးယားလိဂ်