ရှေ့သို့
Image

တော့တင်ဟမ်ကို နွေရာသီမှာပြောင်းဖို့ နာဂယ်စမန်းကို ရန်နစ်တိုက်တွန်း

1:40 PM, 28 April

ယူနိုက်တက်နည်းပြဟောင်း ရန်နစ်က ဘိုင်ယန်ကနေ ထွက်ခွာပြီးနောက် နာဂယ်စမန်းအနေနဲ့ တော့တင်ဟမ်ကိုပြောင်းသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဘိုင်ယန်ကနေ ထွက်ခွာပြီးနောက် နာဂယ်စမန်းဟာ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်သားကို အသင်းတော်တော်များများက ခေါ်ယူချင်နေကြပါတယ်။

ပေါ်တာထွက်ခွာသွားပြီးနောက် ချဲလ်ဆီးအသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမယ့် အခုတော့ ဂျာမန်သားကို ရီးရဲလ်အသင်းက စိတ်ဝင်စားနေကာ အန်ဆယ်လော့တီက ရီးရဲလ်ကနေ ထွက်ခွာဖို့များနေပါတယ်။

ရန်နစ်ကတော့ နာဂယ်စမန်းအနေနဲ့ နွေရာသီမှာ တော့တင်ဟမ်ကိုပြောင်းသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ တော့တင်ဟမ်က ကွန်တီထွက်ခွာပြီးနောက် စတယ်လီနီကို ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေပဲ နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။

“တော့တင်ဟမ်က စိတ်လှုပ်ရှားဖို့ကောင်းတဲ့အသင်းပါ။ သူတို့က မော်ဒန်ဘောလုံးအသင်းတွေထဲက တစ်သင်းပါ။ ပြီးတော့ သူတို့မှာ လှပတဲ့ကွင်း နဲ့ အကောင်းဆုံးလေ့ကျင့်ရေးစင်တာတွေရှိပါတယ်။

တော့တင်ဟမ်သာ ကျွန်တော့်ကိုလိုချင်တယ်ဆိုရင် အဆင်သင့်ရှိနေမှာပါ”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။ နာဂယ်စမန်းဟာ ဂျာမန်မှာသာ နည်းပြနေတာဖြစ်ပြီး ဟော့ဖန်ဟိမ်း ၊ လိုက်ပ်ဇစ် နဲ့ ဘိုင်ယန်တိ့ုသာ နည်းပြလုပ်ထားပါတယ်။

ဒါပေမယ့် အင်္ဂလန်ကိုပြောင်းချင်တယ်လို့ ဂျာမန်သားက မကြာသေးခင်တုန်းက ဝန်ခံပြောကြားထားခဲ့ပါတယ်။ “ပရီးမီးယားလိဂ်က စိတ်ဝင်စားဖို့ကောင်းတဲ့လိဂ်ပါ။ ကျွန်တော် အဲ့မှာ ကလော့ပ်လို ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ချင်ပါတယ်။ အဲ့တာက အနာဂတ်အတွက်ပါ။

ဒါပေမယ့် ပရီးမီးယားလိဂ်မှာထင်ထားသလိုဖြစ်ဖို့က မလွယ်ပါဘူး။ ကျွန်တော် နည်းပြအဖြစ်တော့ ပရီးမီးယားလိဂ်ကို သွားချင်ပါတယ်”လို့ နာဂယ်စမန်းက ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #နာဂယ်စ်မန်း #ရန်နစ် #ပရီးမီးယားလိဂ်