ရှေ့သို့
Image

ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့ပြီးနောက် အာနိုးလ်ကို ချီးကျူးလိုက်တဲ့ ကလော့

10:51 AM, 28 April

ဝက်စ်ဟမ်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ လီဗာပူး အသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်က အားကောင်းလာခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် ၁၂ မိနစ်တွင် ပက်ကွီတာရဲ့ဂိုးကြောင့် ဦးဆောင်ဂိုး ရရှိခဲ့တဲ့ ဝက်စ်ဟမ်းဘက်သို့ ၆ မိနစ်အကြာမှာ ဂတ်ပိုက ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ မာတစ်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် လီဗာပူးတို့ အနိုင်ရရှိခဲ့ပါတယ်။ ဂိုးဧရိယာအတွင်း သီယာဂို လက်ထိခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးနှင့် VAR ဒိုင်လူကြီးတို့က ပင်နယ်တီမပေးခဲ့ကြပါဘူး။ နိုင်ပွဲကြောင့် လီဗာပူးဟာ ဂိုးကွာခြားချက်ဖြင့် တော့တင်ဟမ်ရဲ့အထက် အဆင့် ၆ နေရာတွင် ရပ်တည်နေပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့ပြီးနောက် အာနိုးလ်ရဲ့ စွမ်းဆောင်ရည်အပေါ် ကလော့ပ်က ချီးကျူးပြောကြားခဲ့ပါတယ်။ ပွဲအပြီးနောက် BT Sport သို့ ကလော့ပ်က "အာနိုးလ်ရဲ့ ကစားပုံက အရမ်းကိုကောင်းပါတယ်။ လုံးဝကို ချီးကျူးစရာပါ" လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဂတ်ပိုရဲ့အဖွင့်ဂိုးအတွက် အာနိုးလ်က အဓိကကျခဲ့ပြီး နယ်သာလန်နိုင်ငံသားထံသို့ လှပစွာပေးပို့ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကလော့ပ်က ချီးကျူးခဲ့ပြီး ပွဲအတွင်း အကောင်းဆုံးအခိုကအတန့်တွေကို ပြောပြလိုက်ပါတယ်။ "နောက်ပြန်ပေးဖို့အတွက် ကစားသမားတွေက တွေ့ခဲ့ပုံရပြီး ကျွန်တော်တို့အသင်းရဲ့ ကစားပုံကို သဘောကျမိပါတယ်။ ပထမပိုင်းက ကစားပုံက အကောင်းဆုံးဖြစ်ခဲ့ပါတယ်"

"လက်ရှိရာသီ ကျွန်တော်တို့အသင်းရဲ့ ကစားပုံကို အားလုံး အသိအမှတ်မပြုခဲ့ကြပါဘူး။ ဒီနေ့ကစားပုံကိုတော့ ကျွန်တော် သဘောကျမိပါတယ်" "၁-၀ ဂိုးဖြင့် ဦးဆောင်ခြင်းခံခဲ့ရသော်လည်း ပွဲကိုထိန်းချုပ်ပြီး ကစားပုံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က အကောင်းဆုံးကစားခဲ့ပြီး အရေးပါတဲ့ဂိုးနဲ့ ဒုတိယပိုင်းမှာ ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်" "Set piece တွေလိုအပ်ခဲ့သောလည်း ကစားပုံကို သဘောကျမိပါတယ်။ မာတစ်က မနေ့က ခေါင်းတိုက်မှု ၅ ကြိမ် လုပ်ခဲ့ပြီး ဒီနေ့မှာ  ဂိုးပေါက်တည့်ခဲ့ပါတယ်။ မာတစ်ရဲ့ ဒီနေ့ခြေစွမ်းအပေါ်လည်း ကျေနပ်မိပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ကလော့ပ် #အာနိုးလ် #ပရီးမီးယားလိဂ်