ရှေ့သို့
Image

လူငယ်ကစားသမားတွေ အတွက် The After အကယ်ဒမီကို စတင်ဖွင့်လှစ်လိုက်တဲ့ အာနိုးလ်

10:22 AM, 28 April

လီဗာပူးအသင်းမှ နောက်ခံလူတစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ကံကောင်းသူ အနည်းငယ်ထဲမှတစ်ဦး ဖြစ်ပါတယ်။

သူသည် ပရော်ဖက်ရှင်နယ်ဘောလုံးလောက၏ အထွတ်အထိပ်ထိရောက်အောင် အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်အပါအဝင် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးကာ နိုင်ငံတကာအဆင့်တွင် ၎င်း၏နိုင်ငံကို ကိုယ်စားပြုခွင့်ရသူလည်းဖြစ်ပါတယ်။

သူဟာ အသက် ၆ နှစ် ကတည်းက လီဗာပူး၏ အကယ်ဒမီတွင် ပါဝင်လာပြီး ၎င်း၏ဘဝတစ်ခုလုံးနီးပါးကို ဂုဏ်ပြုဆုများနှင့် ငွေကြေးဆုလာဘ်များနှင့်အတူ လီဗာပူးအသင်းရဲ့ ထိပ်တန်းကစားသမားအဆင့်သို့ ရောက်အောင် အပ်နှံခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေ မမက်နိုင်တဲ့ အခြားသူတွေရှိပါသေးတယ်။

ဆယ်ကျော်သက်အရွယ်မှာပဲ ဘောလုံးအသင်းမှ ထုတ်ပယ်ခံရတဲ့ကစားသမားတွေ အတွက် အကျိုးသက်ရောက်မှုများသည် ဆိုးရွားနိုင်ပြီး အာနိုးလ်က ၎င်းအခြေအနေတွေကို ကောင်းစွာသိနေပါတယ်။ ဖေဖော်ဝါရီ ၂၀၂၂ တွင် အင်စတာဂရမ် ပို့စ်တစ်ခု၌ ၎င်းက အလားတူအတွေ့အကြုံများကို ဖြတ်သန်းဖူးသည့် လူငယ်ကစားသမားများအား ၎င်းတို့ရင်ဆိုင်ရသည့် အခက်အခဲများကို ကိုယ်တိုင်မြင်တွေ့ရန်အတွက် ထုတ်ဖော်ပြောကြားရန် တောင်းဆိုခဲ့ပါတယ်။

ယခု တစ်နှစ်ကျော်အကြာတွင် အာနိုးလ်သည် အသင်းမှထုတ်ပယ်ခံရသည့် အကယ်ဒမီကစားသမားဟောင်းများ အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများပေးဆောင်ရန် ရည်ရွယ်သည့် 'The After ဘောလုံးအကယ်ဒမီ' ကို စတင်လိုက်ပြီဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း (PFA) နှင့်ပူးပေါင်း၍ အဆိုပါအစီအစဉ်သည် အသင်းမှ ထုတ်ပယ်ခံရသည့် အကယ်ဒမီကစားသမားဟောင်းများအား ပံ့ပိုးပေးသည့် ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မှာဖြစ်ပါတယ်။ အဆိုပါပရောဂျက်ကို လာမည့်ငါးနှစ်အတွက် ရံပုံငွေပေးမည့်သူကတော့ အာနိုးလ်ပဲ ဖြစ်ပါတယ်။

အာနိုးလ်က “ကျွန်တော့်အတွက်ကတော့ The After Academy က အိပ်မက်တစ်ခုဖြစ်ပြီး အဲဒီအိမ်မက်က တကယ့်ကို ရိုးရိုးရှင်းရှင်းပါပဲ၊ ကျွန်တော် ဘောလုံးအသင်းကနေ ထုတ်ပယ်ခံရတဲ့ အကယ်ဒမီကစားသမားဟောင်းများဘောလုံးသမားတိုင်းကို တစ်နေရာရာကို လှည့်ကြည့်စေချင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် အသင်းမှ ထုတ်ပယ်ခံရတာကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော မန်စီးတီးလူငယ်ကစားသမားဟောင်း ဂျရီမီ ဝစ်စတန်၏ ဝမ်းနည်းဖွယ်ကောင်းသော ကွယ်လွန်မှုကြောင့်  ဘောလုံးအသင်းများမှ လူငယ်ကစားသမားများ ထုတ်ပယ်ခံရခြင်းကိစ္စကို ပြတ်သားစွာအာရုံစိုက်လာခဲ့ကြပါတယ်။

ကိန်းဂဏန်းစာရင်းဇယားများသည် အလွန်ပြင်းထန်ပါတယ်။ အင်္ဂလန်တွင် စနစ်တကျဖွဲစည်းထားသော ဘောလုံးကစားသည့် လူငယ်ကစားသမား ၁.၅ သန်းအနက်မှ ၁၈၀ (ဝ.၀၁၂%) ဝန်းကျင်သာ ပရီးမီးယားလိဂ်တွင် ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နိုင်ကြပါတယ်။

လီဗာပူး အကယ်ဒမီ ကစားသမားဟောင်း လီယမ်ရော်ဘင်ဆင်နှင့် ဂျို့ရှ် အက်ဂ်ဘိုဇိုတို့ဟာ BBC Breakfast နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူတိုရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။ United Utilities မှ ရေနုတ်မြောင်းဆိုင်ရာ အရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ လီယမ်ရော်ဘင်ဆင်က သူထုတ်ပယ်ခံရသည့် အခိုက်အတန့်ကို "ကျွန်တော်ဖြတ်သန်းဖူးတဲ့ဘဝထဲမှာ ပထမဆုံးသောကြေကွဲမှု" အဖြစ် ပြောကြားခဲ့ပါတယ်။

အသက် ၁၆ နှစ်တွင် အကယ်ဒမီမှထုတ်ပယ်ခံရပြီး လုပ်ငန်းခွင် ကုထုံးလက်ထောက်တစ်ဦးဖြစ်သည့် ဂျို့ရှ် အက်ဂ်ဘိုဇိုက "အဲဒီအချိန်က မျှော်လင့်ချက်တွေ ဆုံးရှုံးသွားပြီး နောက်ဘာဆက်လုပ်ရမလဲ မသေချာတော့တဲ့ ခံစားချက်မျိုးခံစားရပါတယ်" ဟု ပြောကြားခဲ့ပါတယ်။ အာနိုးလ် ၏ ပဏာမခြေလှမ်းအသစ်သည် အကယ်ဒမီမှ ထုတ်ပယ်ခံရသော လူငယ်များအတွက် ဘေးကင်းလုံခြုံသော ဘဝတစ်ခုပေးရန် ရည်ရွယ်ထားသော်လည်း စနစ်ကိုယ်တိုင်က ပြောင်းလဲရန်လိုအပ်သည်ဟုလည်း သူယုံကြည်နေပါတယ်။

“ကျွန်တော်တို့ဟာ ကုန်ပစ္စည်းများမဟုတ်ပါဘူး။ ဒီအခွင့်အရေးလေးကိုတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ အများကြီးစွန့်စားရတဲ့ လူသားတွေပါပဲ” လို့ အာနိုးလ်က ဆိုပါတယ်။ ပရီးမီးယားလိဂ်၏ Elite Player Performance Plan (EPPP) ကို ၂၀၁၂ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ပိုမိုကောင်းမွန်သော ပြည်တွင်းဖြစ်ကစားသမားများကို မွေးထုတ်ပေးရန် ရည်ရွယ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာသည်ဖြစ်စေ မဖြစ်စေသည်ဖြစ်စေ အကယ်ဒမီစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်စေ လူငယ်ကစားသမားတိုင်း ပိုကောင်းလာစေရန် အတွက် ကစားသမားများ စောင့်ရှောက်မှုသည် ပရိုဂရမ်၏အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် ၎င်း၏ ရည်ရွယ်ချက်များတွင် ကစားသမားများ၏ စောင့်ရှောက်မှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပရီးမီးယားလိဂ်က ပြောကြားခဲ့ပါတယ်။

EFL သည် လူငယ်ကစားသမားများအတွက် "ကိုယ်ရေးကိုယ်တာ ဖွံဖြိုးတိုးတက်မှုနှင့် ဘဝစွမ်းရည်လေ့ကျင့်မှု" နှင့်အခြားလိုအပ်သော  လူငယ်ဖွံဖြိုးရေးစည်းမျဉ်းများနှင့်အတူ အလားတူ စည်းမျဉ်းများရှိကြောင်းသိရပါတယ်။

အာနိုးလ်၏ 'The After Academy' သည် အကယ်ဒမီမှ ထုတ်ပယ်ခံရသူများအား ပံ့ပိုးပေးရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်၊ သို့သော် ၎င်းက ထောက်ပြသကဲ့သို့၊ လူငယ်ကစားသမားများသည် ၎င်းတို၏ ပရော်ဖက်ရှင်နယ်ဖြစ်လာရန် စိတ်ကူးယဉ်အိပ်မက်များ ဆုံးရှုံးပြီး မျှော်လင့်ချက်မဲ့သွားသည့်အခါတွင် အရှုံးမပေးဘဲ မိမိကိုယ်ကို ပြန်လည်ထူထောင်သွားဖို့ လိုအပ်ကြာင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်