ရှေ့သို့
Image

မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ်က လက်လျော့မှာ မဟုတ်ကြောင်း ရမ်စ်ဒေးလ် အခိုင်အမာဆို

10:12 AM, 28 April

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် မိမိတို့အနေနဲ့ ချန်ပီယံဆုအတွက် လက်လျော့မှာ မဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ စီးတီးကို အဝေးကွင်းမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံဆုအတွက် လက်လွှတ်ရလုနီးပါးဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ စီးတီးဟာ အဆိုပါနိုင်ပွဲကြောင့် အာဆင်နယ်က ၂ ပွဲလျော့ထားကာ ချန်ပီယံဖြစ်လာနိုင်ဖို့ တော်တော်လေးနီးစပ်လာခဲ့ပါတယ်။

ဧပြီလက အာဆင်နယ်အတွက် စိတ်ပျက်စရာလဖြစ်ခဲ့ပြီး မန်ချက်စတာကို မလာခင် ရှေ့ ၃ ပွဲမှာ ဆက်တိုက်သရေကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်ဂိုးသမားကတော့ “ကျွန်တော်တို့ စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၉ လလောက်ကစားလာခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ လိုချင်သလို ကစားနိုင်ခဲ့သလို ၅ ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒီလိဂ်က ဒီလိုမျိုးဖြစ်နေကြပါ။ ပရီးမီးယားလိဂ်မှာ ထူးဆန်းတာတွေဖြစ်တတ်ပါတယ်။ တန်းဆင်းဇုန်မှာတောင် ဘယ်လောက်ပြင်းထန်လဲဆိုတာ မြင်နိုင်ပါတယ်။ ထိပ်ဆုံးနေရာကလည်း ပြင်းထန်ပါတယ်။ ဒါကြောင့်ပွဲတိုင်းက ခက်ခဲနိုင်ပါတယ်။ ၅ ပွဲ ကစားဖို့ ကျန်နေပေမယ့် ၅ ပွဲစလုံးအနိုင်ကန်သွားမှာပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ ဝမ်းနည်းနေလို့မရပါဘူး။ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်သလို လုပ်နိုင်သမျှလည်း အကောင်းဆုံးလုပ်ဆောင်သွားမှာပါ”လို့ ရမ်စ်ဒေးလ်က ပြောကြားခဲ့ပါတယ်။

စီးတီးဟာ အဆိုပါပွဲမှာ ဒီဘရိုင်း ၂ ဂိုး ၊ ဂျွန်စတုန်း ၊ ဟာလန်းတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်