ရှေ့သို့
Image

ချဲလ်ဆီးကို ၅ ပွဲဆက် ရှုံးပွဲတွေ့စေခဲ့တဲ့ လမ်းပတ်ကို ရိုးရိုးသားသား အကြံဉာဏ်ပေးလိုက်တဲ့ ချဲလ်ဆီး ဂန္တဝင်လီဘော့ဖ်

9:53 AM, 28 April

လမ်းပတ်သည် ရာသီမကုန်မီ ချဲလ်ဆီး၏ကံကြမ္မာများကို ပြောင်းလဲရန် ဖိအားများအောက်တွင် ရှိနေသော်လည်း အချိန်မနှောင်းမီ ထွက်ခွာရန် ချဲလ်ဆီး ဂန္တဝင် လီဘော့ဖ်က အကြံပြုပြောကြားလိုက်ပါတယ်။

လီဘော့ဖ်သည် ဗုဒ္ဓဟူးနေ့ညက ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းမှ လမ်းပတ်ကို ချက်ချင်းထွက်ခွာရန် အကြံပေးခဲ့တာဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ဒုတိယအကြိမ်ပြန်လာပြီး ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းအနေနဲ့ နိုင်ပွဲမရတာ ၈ ပွဲအထိရှိပြီဖြစ်ပါတယ်။

လမ်းပတ်သည် ဂရေဟမ်ပေါ်တာနေရာတွင် အစားထိုးပြီးကတည်းက ၎င်းကိုင်တွယ်ခဲ့သည့် ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးအသင်းသည် တစ်ကြိမ်သာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်သို့ ကျဆင်းသွားခြင်းကြောင့် လီဘော့ဖ်မှ ယာယီနည်းပြအား ရာသီကုန်အထိ တစ်ပွဲမှအနိုင်ရမည်မဟုတ်ကြောင်း သတိပေးခဲ့ပြီး တန်းဆင်းသွားနိုင်ချေရှိကြောင်း သတိပေးခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်းက "မင်းသိတာအကုန်လုပ်ခဲ့ပြီးပြီ။ ငါပြောစရာမရှိပါဘူး။ လမ်းပတ်အတွက် ပြောရမယ်ဆို ဖြစ်နိုင်ရင် ထွက်သွား! မြန်မြန်ထွက်လိုက်ပါ။ မင်းဘာမှလုပ်လိုမရဘူး။ သူတို့က အနိုင်ရဖို့ လိုတယ်။ တန်းမဆင်းဖို့ဆိုရင် နိုင်ပွဲတစ်ပွဲလောက် ရဖို့လိုတယ်။ ဂိုးတွေ ပေးလိုက်ရတာက ပုံမှန်ပါပဲ။ အက်စ်ပီလီကွီတာက ကိုယ့်ဂိုးကိုယ်သွင်းမိတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ခေါင်းတိုက်ဖို့အတွက် ဘယ်သူကမှ တာဝန်မယူရဲကြဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဘောလုံးရလာပြီး ဖိုဖာနာက ဘာလုပ်နေလဲမသိဘူး။ သီယာဂိုနဲ့ ဖိုဖာနာနဲ့က အရမ်းဝေးပါတယ်။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်ခံလူတစ်ယောက်လို့ ကိုယ့်ကိုကိုယ် တစ်ခါမှ မထင်ခဲ့မိပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ဒါကို မြင်နိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ရှင်းရှင်းလင်းလင်းပြောရရင် အကြောင်းပြချက်တစ်ခုနဲ့ ရလဒ်တွေက သူတို့လိုချင်တဲ့ ရလဒ်မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ ရောက်နေတဲ့နေရာကြောင့် နောက်ကွယ်မှာ စိန်ခေါ်မှုတွေရှိမယ်ဆိုတာ နားလည်ပါတယ်။ အဲဒါက ကျွန်တော့် အတွက် ရှင်းပါတယ်။ အချိန်တိုအတွင်းမှာပဲ ဒီရာသီရဲ့ အလှည့်အပြောင်းအဆင့်ရောက်ဖို့က တကယ်ကို ခက်ခဲပါတယ်။ သူတို့အလုပ်ဆက်လုပ်ဖို့ပဲလိုတာပါ၊ အဲဒါအတွက်ကြောင့် စိတ်မပူပါဘူး၊ ဘာအန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သူတို့လည်းသိမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ် #လီဘော့ဖ်