ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ပွဲစဉ်က မာလာစီယာရဲ့ စွမ်းဆောင်ရည်အပေါ် ရှမိုက်ကယ် ပြင်းထန်စွာ ဝေဖန်

9:52 AM, 28 April

ယူနိုက်တက်ဂန္တဝင် ပီတာရှမိုက်ကယ်ဟာ ယမန်နေ့ညက တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ခြေစွမ်းဆိုးရွားခဲ့တဲ့ မာလာစီယာရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဆိုပါပွဲစဉ်မှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗာရာနီနဲ့ မာတီနက်ဇ်တို့ မပါဝင်ဘဲ ကစားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းက ပထမပိုင်းမှာတင် ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပေါ်ရိုနဲ့ ဆွန်ဟောင်မင်တို့ရဲ့ ချေပဂိုးတွေကြောင့် သရေကျခဲ့ပါတယ်။

တန်ဟတ်ဟာ ဒုတိယပိုင်းအတွင်း ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ဝမ်ဘစ်ဆာကာနေရာကို မာလာစီယာနဲ့ အစားထိုးခဲ့ပါတယ်။ နယ်သာလန်သားဟာ တော့တင်ဟမ်ရဲ့ ဒုတိယချေပဂိုးမှာ ဟယ်ရီကိန်းကို လွှတ်ထားခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။

ရှမိုက်ကယ်က “ဗာရာနီနဲ့ မာတီနက်ဇ်တို့ မပါဝင်နိုင်ချိန် ခံစစ်က တော်တော်အခြေအနေဆိုးနေပါတယ်။ လင်ဒီလော့ဖ်က ခံစစ်မှူးဖြစ်ပြီး လုခ်ရှောက နောက်ခံအစွန်လူဖြစ်ကာ နှစ်ယောက်စလုံးက အသင်းဖော်တွေကို နေရာလွတ်ဖော်ပေးတာမဟုတ်ပဲ ဘောလုံးစောင့်ဖျက်တဲ့သူတွေဖြစ်ပါတယ်” “ဒုတိယဂိုးမှာ မာလာစီယာက ဘာလုပ်နေမှန်းကို မသိပါဘူး။ ဘောလုံးက သူ့ရှေ့လာတာကို သူကထိုင်ကြည့်နေပါတယ်။ သူ တစ်ခုခုတော့လုပ်သင့်ပါတယ်။ တန်ဟတ်က ဘာလို့ ဝမ်ဘစ်ဆာကာကို ထုတ်လိုက်မှန်းမသိပါဘူး။ ၂-၁နဲ့ ဦးဆောင်နေချိန်မှာ အကောင်းဆုံးနောက်ခံလူတစ်ဦးကို မထုတ်သင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရှမိုက်ကယ် #မာလာစီယာ #ပရီးမီးယားလိဂ်