ရှေ့သို့
Image

ချဲလ်ဆီးပရိသတ်များ၏ စိတ်ပျက်မှုကို နားလည်ကြောင်းပြောကြားခဲ့တဲ့ လမ်းပတ်

3:19 PM, 27 April

ဗုဒ္ဓဟူးနေ့က စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ချဲလ်ဆီးအသင်းရဲ့ နှစ်ပေါင်း ၃၀ အတွင်း ပြိုင်ပွဲအရပ်ရပ် ၅ ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ ကလပ်ဂန္တဝင် လမ်းပတ် ဧပြီလ(၃)ရက်နေ့တွင် ယာယီနည်းပြအဖြစ် ပြန်လည်ပါဝင်လာပြီးမှ ချဲလ်ဆီးအသင်းဟာ ၅ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့အပတ်က ရီးရဲလ်မက်ဒရစ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်အပါအဝင် ချဲလ်ဆီးအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ ၁၁၈ နှစ်တာကာလအတွင်း ပထမဆုံး ၅ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးချဲလ်ဆီးနည်းပြဖြစ်လာခဲ့တဲ့ စံချိန်ကို အခိုင်အမာရယူထားပြီးဖြစ်ပါတယ်။

လမ်းပတ်သည် တူချယ်နှင့် ဂရေဟမ်ပေါ်တာတို့ပြီးလျှင် ယခုရာသီတွင် ချဲလ်ဆီး၏ တတိယမြောက်မန်နေဂျာဖြစ်ပြီး စတန်းဖိုဒ်ဘရစ်ချ်တွင် အချိန်ပြည့် အားပေးနှုတ်ဆက်နေကြသည့် ပရိသတ်အနည်းငယ်က ဈေးကြီးတဲ့ကစားသမားကောင်းအများအပြားရှိနေသော်လည်း ရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များ၏ စိတ်ပျက်မှုများကို ပေါ်လွင်စေခဲ့ပါတယ်။

"ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး၊ ဒါကို လုံးလုံးနားလည်ပါတယ်" လို လမ်းပတ်က သူတိုရဲ့ခံစားချက်တွေကို ချဲလ်ဆီးပရိသတ်တွေရဲ့ ခံစားချက်တွေကို သိအောင်ပြောပြတဲ့ BBC Sport ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဒီပရိသတ်တွေကို ကောင်းကောင်းသိပြီး သူတို့အဖွဲလိုက် အားပေးကြတယ်။ သူတို့ဟာ အောင်မြင်မှုရဲ့အရသာကို ကောင်းကောင်းသိကြပြီး ကျွန်တော်တိုအားလုံးလိုပဲ အောင်မြင်မှုကို လိုချင်ကြတဲ့အတွက် ကျွန်တော်လည်းစိတ်ဓာတ်ကျရပါတယ်။ ကစားသမားတွေရော၊ ဝန်ထမ်းတွေရော ကစားသမားတွေရော ဒါကို သေချာသိထားရမယ်။ ကစားသမားတွေ အကောင်းဆုံးကြိုးစားနေကြပါပြီလို့ ပရိသတ်တွေကို ကျွန်တော်ပြောနိုင်ပါပြီ။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ရဲ့ OG ကြောင့် ဘရန့်ဖိုဒ်က တစ်ခါပဲကန်ပြီး နှစ်ဂိုး သွင်းခဲ့တယ်"လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်