ရှေ့သို့
Image

အချိန်အတော်ကြာစကားပြောခဲ့ပြီးနောက် ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

2:01 PM, 27 April

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ရာသီမကုန်ခင်မှာ အဆိုပါသတင်းကို တရားဝင်ကြေညာဖွယ်ရှိနေတာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် ပီအက်စ်ဂျီကနေ အထုတ်ခံရပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပြီး ချဲလ်ဆီးတာဝန်ရှိသူတွေနဲ့ စပိန်မြေမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ပစ်မှတ်တွေထဲမှာ နာဂယ်စမန်း ၊ အင်းနရစ် နဲ့ ကွန်ပနီတို့ ပါဝင်နေဆဲဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ၂ ဦး ၂ ဖက်နောက်ဆုံး အဆုံးသတ်ကို ရောက်နေပြီဖြစ်ကာ မကြာခင်မှာ သဘောတူညီမှုရတော့မယ်လို့ ဆိုပါတယ်။

လက်ရှိယာယီနည်းပြ လမ်းပတ်ကတော့ ချဲလ်ဆီးအသင်းကို ရာသီကုန်အထိ တာဝန်ယူမှာဖြစ်ပါတယ်။ တော့တင်ဟမ်နည်းပြဟောင်းကို ယခင်တုန်းက ၂ ကြိမ်တိုင် ချဲလ်ဆီးက ချဉ်းကပ်ခဲ့သေးပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

အခုတော့ ချဲလ်ဆီးအသင်းက အာာဂျင်တီးနားသားဟာ လူငယ်တွေကို စင်တင်ပေးတဲ့နေရာမှာ ထူးချွန်တာကြောင့် အလျင်အမြန်ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ဟိုဟီလေခေတ်မှာ ၅ ယောက်မြောက် နည်းပြဖြစ်လာဖွယ်ရှိနေပြီး အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပိုချက်တီနို #ပရီးမီးယားလိဂ်