ရှေ့သို့
Image

ကာမာဗင်ဂါက ဖရာရီအင်ဂျင်နဲ့ ဆင်တူတယ်လို့ အန်ဆယ်လော့တီ ပြောကြား

11:32 AM, 25 April

ရီးရဲလ်အသင်းဟာ အင်္ဂါနေ့မှာ ဂျီရိုနာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အန်ဆယ်လော့တီက ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ “ဂျီရိုနာနဲ့ဘောလုံးကစားဟန်က တကယ်ကောင်းပါတယ်။ သူတို့က စုစုစည်းစည်းရှိပြီး ဘောလုံးကစားရာမှာ အရမ်းကောင်းပါတယ်။ သူတို့အိမ်ကွင်းမှာဆို ပိုကစားရခက်ပါတယ်။ အဲ့တာက  ခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့ ဘန်ဇီးမား ၊ ကာမာဗင်ဂါ ၊ ဆီဘယ်လော့စ် ၊ အလာဘာနဲ့ မန်ဒီတို့မပါပဲ ကစားရမှာပါ။

မနက်ဖြန်မှာ မန်စီးတီးနဲ့ ကစားရမယ်ဆိုရင်တောင် သူတို့မပါပဲ ကစားရမှာပါ။ မန်ဒီနဲ့ အလာဘာတို့ လာမယ့်ပွမှာပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။

ဘန်ဇီးမားရဲ့မိနစ်တွေအပေါ် အန်ဆယ်လော့တီက
================
“ဘန်ဇီးမားတစ်ယောက် အယ်လ်မီးရီးယားနဲ့ပွဲမှာ ကစားနိုင်ပါလိမ့်မယ်။ အဲ့နောက် ဆိုစီဒက်နဲ့ပွဲပါ။ သူပြန်ကောင်းလာပြးနောက် ပြီးခဲ့တဲ့ပွဲအနည်းငယ်တုန်းက ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ ကစားခြင်းဖြင့် သူ့ရဲ့အဆင့်ကို ထိန်းသိမ်းတာက အကောင်းဆုံးလို့ ထင်ပါတယ်။ သူကြံ့ခိုင်မှုပြည့်ဝရင် ကစားနိုင်မှာပါ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

ဂိုးပေါက်မှာ အလှည့်ကျအသုံးပြုနေတဲ့အပေါ်
=================
“ကျွန်တော်တို့ အဲ့တာကို တွေးမိပါတယ်။ ဒါပေမယ့် ကော်တိုရစ်က သူကစားနိုင်သလောက် ကစားချင်နေပါတယ်။ လူနင်ကလည်း ကစားရချိန်မှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ အခု နဲ့ ရာသီအကုန်ကြားမှာ သူဘယ်လောက်ကစားရမယ်ဆိုတာတော့ ကျွန်တော် အတိအကျမပြောနိုင်ပါဘူး”

၁၁ မှတ်ကွာဟမှုအပေါ်
=============
“၁၁ မှတ်ဆိုတာက ကွာခြားမှုလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ကြားမှာ တိုက်ရိုက်စိန်ခေါ်မှုတွေရှိပါတယ်။ တစ်ခါတလေ သူတို့အနိုင်ရသလို တစ်ခါတလေ ကျွန်တော်တို့ အနိုင်ရပါတယ်။ ရမှတ်ကွာဟမှုကို ကျွန်တော်တို့ လာမယ့်ပွဲတွေမှာ လျော့ချနိုင်ဖို့ ကြိုးစားသွားမှာပါ”

အကယ်ဒမီနဲ့ အလုပ်လုပ်နေတဲ့အပေါ်
==============
“အကယ်ဒမီက အကောင်းဆုံးလုပ်နေပါတယ်။ အာဘီလိုဝါ နဲ့ ရာအူးလ်တို့ အကောင်းဆုံးလုပ်နေပါတယ်။ ၂၀၀၃ နဲ့ ၂၀၀၄ မှာ ကောင်းမွန်တဲ့မျိုးဆက်ရှိခဲ့ပါတယ်။ အများစုကို စီနီယာအသင်းမှာ မြင်ရမှာပါ”


ကာမာဗင်ဂါရဲ့တိုးတက်မှုအပေါ်
==============
“သူအကောင်းဆုံးလုပ်နေသလို ပွဲကစားချိန်အများကြီးရထားပါတယ်။ အသက်အရွယ်ကြောင့်သာ ကန့်သတ်နေတာပါ။ နည်းစနစိပိုင်းအရ သူ့မှာ သင်ယူစရာမရှိပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရတော့ သူက ဖရာရီကားအင်ဂျင်လိုပါပဲ”


ဘာစီလိုနာကို မက်ဆီပြန်လာမယ့်အပေါ်
==========
“မက်ဆီအနေနဲ့ သူလိုချင်တာကို လုပ်နိုင်ပါတယ်။ ကျွန်တော့်အတွက် မေးခွန်းမဟုတ်ပါဘူး။ သူ့ကို ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်ကြိုက်ပါတယ်။ လာလီဂါနဲ့ စပိန်ဘောလုံးဆီကို ပြန်လာတာက ကောင်းပါတယ်။ ဒါပေမယ့် အဲ့တာက ဘာစီလိုနာကိစ္စပါ”လို့ အန်ဆယ်လော့တီက  ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ကာမာဗင်ဂါ