ရှေ့သို့
Image

သူ့သားက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွေ့ကာ ဆုဖလားတွေ ရရှိဖို့ အသင့်ဖြစ်နေပါပြီလို့ ပြောလိုက်တဲ့ အီမာဆင်ရဲ့ဖခင်

10:38 AM, 25 April

၂၀၂၁ခုနှစ် ဘာစီလိုနာကနေ ပြောင်းရွေ့လာကတည်းက မြောက်လန်ဒန်ရှိ အီမာဆင်ရဲ့ ကစားသမားဘဝဟာ အတက်အကျတွေရှိခဲ့ပြီး ခံစစ်ပိုင်းတွင် ရုန်းကန်ခဲ့ရကာ တိုက်စစ်ခြိမ်းခြောက်မှုအတွက်တော့ ပံ့ပိုးမှုများလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပြဿနာကို ဖြေရှင်းဖို့အတွက် နည်းပြဟောင်းကွန်တီဟာ ပက်ဒရိုပေါ်ရိုအတွက် ပေါင်သန်း ၄၀ အထိ သုံးစွဲဖို့ဆုံးဖြတ်ခဲ့ကာ စပိန်သားရောက်လာပြီးနောက်မှာတော့ အီမာဆင်ဟာ အထူးခြေစွမ်းပြသလာတာ ဖြစ်ပါတယ်။ အစပိုင်းမှာသူဟာ ပေါ်ရိုကို အရန်ခုံထိုင်စေခဲ့တဲ့အထိ ခြေစွမ်းပြသခဲ့လို ယခုနှစ်တွင် ဘရာဇီးလက်ရွေးစင် အသင်းရဲ့ ခေါ်ယူခြင်းကိုပါခံခဲ့ရသော်လည်း သူ့ရဲ့တိုးတက်မှုတွေက ဒဏ်ရာ ရရှိခဲ့တာကြောင့် အတားအဆီးဖြစ်ခဲ့ပါတယ်။

နောက်တန်း ကစားသမားဟာ တော့တင်ဟမ်ထက် ချန်ပီယံရဲ့ချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်လို ဥရောပအသင်းကြီးထံသို့ ပြောင်းရွေ့ဖို့ ထိုက်တန်ကြောင်း အသက် ၂၄ နှစ် အရွယ် ကစားသမားရဲ့ အေးဂျင့်နှင့် ဖခင်ဖြစ်သူ ဇူလူက ပြောထားပါတယ်။

"တော့တင်ဟမ်ကနေ အီမာဆင် ထွက်ခွာတာက ရှိလာနိုင်ပါတယ်။ ဆုဖလားအတွက် ပြိုင်ဆိုင်နေတဲ့ အသင်းထံသို့ ပြောင်းရွေ့ဖို့ ကြီးမားတဲ့ခြေလှမ်းကို လုပ်ဆောင်ဖို့ သူ့အတွက် အချိန်တန်ပြီလို့ ကျွန်တော်ယုံကြည်ကာ အဲ့ဒီအတိုင်းလည်းဖြစ်ချင်ပါတယ်" "ဒါက ပရီးမီးယားလိဂ် ဒါမှမဟုတ် ပြင်ပမှာလည်း ဖြစ်နိုင်ပါတယ်။ အသင်းကြီးတော့ ဖြစ်ရမှာပါ။ ရီးရဲလ်မက်ဒရစ်လို ကလပ်မျိုးက အီမာဆင်နဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်" လို့ နောက်တန်းကစားသမားရဲ့ ဖခင်က Charla podcast သို့ ပြောပါတယ်။

ဒဏ်ရာမရရှိခင်မှာ ယာယီနည်းပြဖြစ်တဲ့ စတယ်လီနီဟာ အီမာဆင်ကို ချီးကျူးထားပြီး "ဒီလိုသာ ဆက်ကစားနိုင်မယ်ဆိုရင် ဘရာဇီးက သူ့ကိုပြန်ခေါ်မယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်လာဖို့ကိုလည်း ကျွန်တော်‌ မျှော်လင့်မိပါတယ်" လို့ ပြောပါတယ်။ အီမာဆင်က တော့တင်ဟမ်မှာ အသားကျဖို့ အချိန်အများကြီး ကြာခဲ့တဲ့အပေါ် အီတလီသားနည်းပြက "ဥရောပနဲ့ တောင်အမေရိကမှာ မတူညီတဲ့ ဓလေ့ပုံစံတွေရှိပါတယ်။ မတူညီတဲ့ ဘောလုံးကစားဟန်ကို နားလည်ဖို့ အီမာဆင်က အချိန်လိုအပ်ပါတယ်" "တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ဘာလဲဆိုတာ ပြသရမှာပါ။ တစ်ခါတစ်လေမှာ ဘေးနားကသူတွေက သူ့ကို မချစ်တော့ဘူး သဘောမကျတော့ဘူးလို့ ခံစားရတဲ့အချိန်မှာ ဒီလိုကစားသမားမျိုးက ယုံကြည်မှုပျောက်ဆုံးတက်ပါတယ်" "ဒါကို ကျွန်တော်တို့က သူ့ကို ပေးဖို့အတွက် ရပ်တန့်နေစရာမလိုပါဘူး။ ဒါပေမဲ့ မတူညီတဲ့ပုံစံကိုတော့ သူကို နားလည်စေရမှာဖြစ်ပါတယ်။ သူ့ရဲ့ အရှိန်အဟုန်နဲ့ စိတ်ဓာတ်က ပြင်းထန်လာတဲ့အချိန် သူပျော်ရမှာပါ။ အများကြီးစဉ်းစားတဲ့အခါမှာဆိုရင် သူက တူညီတဲ့ ကစားသမားမဟုတ်တော့ပါဘူး။ ပွဲမှာပါဝင်လာတိုင်း အီမာဆင်ကို အဲ့ဒီလိုခံစားရစေဖို့ အဆိုပါရှုထောင့်ကို ကျွန်တော်တို့က လိုက်နာရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

#တော့တင်ဟမ် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #အီမာဆင်