ရှေ့သို့
Image

ယူနိုက်တက်မှာ ကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးတွေ အကြောင်း ဖွင့်ဟလာတဲ့ ဗီဒစ်

10:25 AM, 25 April

ဗီဒစ်သည် အသင်းဖော်ဟောင်း ဖာဒီနန်နှင့်အတူ စိတ်ဝင်ဖွယ်ရာအင်တာဗျူးအစီအစဉ်တစ်ခုမှာ ဆာအဲလက်စ်ဖာဂူဆန်၏ အသင်းသားများကို အုပ်ချုပ်မှုနှင့်ပတ်သက်၍ ယူနိုက်တက်တွင် ၎င်း၏ အစောပိုင်း ရုန်းကန်ခဲ့ရမှုများကို ပြန်လည်ပြောကြားခဲ့ပါတယ်။

ဆားဘီးယားကြယ်ပွင့်သည် ယူနိုက်တက်၏ ပြင်းထန်သောပြိုင်ဘက်လီဗာပူးသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီး အန်းဖီးလ်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ပြီးမှ လီဗာပူးလ်နည်းပြဖြစ်သူ ဘင်နီတက်ဇ်သည် သူ့ကို ပြန်မခေါ်ခဲ့ပေ။ ယင်းအစား ဖာဂူဆန်သည် ဇန်နဝါရီ ၂၀၀၆ ခုနှစ်တွင် ဗီဒစ်ကို ပေါင် ၇ သန်းဖြင့် အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်လာတာကြောင့် ယူနိုက်တက်နောက်ခံလူ ဖာဒီနန်နှင့်အတူ ပူးပေါင်းကာ ဂန္တဝင် ခံစစ်အတွဲကို ထူထောင်နိုင်ခဲ့တာဖြစ်ကြောင်း ဗီဒစ်ကပြောကြားခဲ့ပါတယ်။

ဗီဒစ်က "ကျွန်တော် ယူနိုက်တက်နဲ့ ပထမဆုံး အဆက်အသွယ် ရခဲ့တဲ့ အချိန် က ၂၀၀၅ ခုနှစ် ဒီဇင်ဘာလပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ လီဗာပူးလည်း ပါဝင်ခဲ့တယ်။ ကျွန်တော် ဘင်နီတက်ဇ်နဲ့ စကားပြောခဲ့ပြီး သူကတော့ စပါးတပ်မော်စကိုမှာရှိတုန်းက ကျွန်တော်နဲ့ ပထမဆုံး ထိတွေ့ခဲ့သူပါ။ ကျွန်တော်က အင်္ဂလိပ်စာမကောင်းပါဘူး၊ ဒါကြောင့် ကျွန်တော့်ဇနီး အန်နာက ဘင်နီတက်ဇ်နဲ့ စကားပြောနေတာဗျ။ ကျွန်တော် အင်္ဂလန်ကို လာချင်လားလို့ မေးပါတယ်၊ အရာအားလုံးက အရမ်းကောင်းပါတယ်။ နှစ်ပတ်သုံးပတ်လောက်ကြာပေမယ့် သူက ကျွန်တော့်ကို ပြန်မခေါ်ဘူး။ ပြီးတော့ ဖာဂူဆန်ဆီက အဆက်အသွယ်ရခဲ့ပါတယ်။ သူကကျွန်တော့်ကို လွန်ခဲ့တဲ့ ခြောက်လကနေ တစ်နှစ်လောက်အထိ ကြည့်နေခဲ့တယ်၊ မင်းကစားပုံကို သဘောကျတယ်။ မင်းကယူနိုက်တက် အတွက် ကောင်းမယ်ထင်တယ်။ မင်းနဲ့ ငါပူးပေါင်းချင်လားလို့ ကျွန်တော့်ကို မေးပါတယ်။ သူက "အားလုံးပြေလည်သွားလိမ့်မယ်" လို့ပြောပြီး တစ်ပတ်အတွင်းမှာပဲ ကျွန်တော် ယူနိုက်တက်ကို ရောက်ခဲ့ပါတယ်"လို့ပြောကြားခဲ့ပါတယ်။

ဒါဟာ ဗီဒစ်အတွက် ယူနိုက်တက်မှာ ရှစ်နှစ်ကြာ အောင်မြင်မှုတွေရခဲ့တဲ့ အရာတွေရဲ့ စတင်မှုပါ။ ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားရခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ယူနိုက်တက်အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ် ဇန်နဝါရီလမှာ ကာရင်တန်ကို ရောက်ရှိလာချိန်မှာတော့ ဗီဒစ်ဟာ ယူနိုက်တက်ဂန္ထဝင်တွေဖြစ်တဲ့ ရွိုင်ယန်ဂစ်နဲ့ ပေါလ်စခိုးလ် တို့လို ယူနိုက်တက်ဂန္ထဝင်တွေနဲ့ လေ့ကျင့်ရေးမှာ အခက်အခဲရှိခဲ့ပါတယ်။

"ကျွန်တော်လာခဲ့တဲ့ ရုရှားမှာဆို  ဒီဇင်ဘာလမှာ တစ်လပိတ်တယ်၊ လေ့ကျင့်ရေးလည်း မလုပ်ဘူး၊ အရမ်းအေးတယ်။ ကြံ့ခိုင်မှု အားနည်းပြီး မကစားနိုင်ဘူးလို ကာလို့စ် ကွီရော့ဇ်ကို ကျွန်တော်ပြောခဲ့တယ်။ ရွိုင်ယန်ဂစ်၊ ရော်နယ်ဒို၊ ဆာဟာ၊ ရွန်းနီတိုနဲ့ ကစားခဲ့တဲ့ ပထမဆုံး လေ့ကျင့်ရေး အပိုင်းကို သတိရမိပါတယ်။ အဲဒါက အိပ်မက်ဆိုးတစ်ခုပါ။ လေ့ကျင့်ရေးတွေအကုန်လုံးမှာ သူတို့ကို ဖမ်းလို့မရတာကြောင့်ပါ။ သူတို့က အရမ်းမြန်တယ်။ လေ့ကျင့်ရေးသုံးကြိမ်လောက်အပြီးမှာ ကျွန်တော်နဲ့ ရွိုင်ယန်ဂစ် စကားအခြေအတင်များခဲ့ပြီး သူဒေါသထွက်လာတယ်။ "ဘောလုံးကိုဖြတ်ပါ။ မင်းမြန်မြန်ကစားရမယ်!"လို့ပြောတော့ ကျွန်တော်က ရယ်ပြီး " ငါမလှုပ်နိုင်တော့ဘူး!"လို့ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် အီဗရာနဲ့ တွဲကစားခဲ့ပါတယ်။ ပထမခြောက်လက အရမ်းခက်ခဲတယ်။ အရန်အသင်းအတွက် ဂိမ်းတစ်ခု ကစားခဲ့တယ်၊ ရီနေးမူလန်စတင်း က နည်းပြဖြစ်ပြီး ပွဲချိန်တစ်ဝက်မှာ ကျွန်တော်တို့ကို ထုတ်ခဲ့တယ်။ ဒါပေမယ့် အီဗရာဟာ မိုနာကိုနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ကစားခဲ့ပါတယ်။ ကျွန်တော်လည်း စပါးတပ်မော်စကိုကနေ ရောက်ရှိလာတာကြောင့် ကျွန်တော့်ကို ဘယ်သူမှမသိကြပါဘူး"လို့ ဗီဒစ်က ပြောကြားခဲ့ပါတယ်။

ဖာဒီနန်ကတော့ ဗီဒစ်ရဲ့ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတာတွေကို သတိမိခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဖာဒီနန်က "ငါနဲ့ ရွန်းနီက မင်းနဲ့ အီဗရာအကြောင်းကို ပြောဖြစ်ကြတယ်။ ဒီကောင်တွေသွားရမယ့် ခရီးကဝေးနေပြီ။ သူတို့ရုန်းကန်နေရတယ်။ ဒါပေမယ့် အရှိန်မလျော့ဘူး။ ရာသီကြိုခြေစမ်းပွဲမရှိပေမယ့် ဗီဒစ်ကြုံနေရတာကတော့ လေ့ကျင့်ရေးမှာ အခက်ဆုံးကစားသမားဖြစ်တဲ့ လူးဝစ်ဆာဟာနဲ့ အဲဒီတုန်းက ခြေစွမ်းတွေကောင်းနေတဲ့ ရော်နယ်ဒို၊ ရွန်းနီ၊ ဂစ်တို့ပဲ ဖြစ်ပါတယ်။ သူတို့ ရုန်းကန်နေ တာကိုမြင်တယ်။ "ဒီကောင်တွေ မြန်မြန်ထတာ ပိုကောင်းတယ်"လို့ ထင်ခဲ့တာဟု ပြောကြားခဲ့ပါတယ်။

ဗီဒစ်က ၎င်းအဖြစ်အပျက်တွေကို အားအင်တစ်ခုအဖြစ်အသုံးချခဲ့ပါတယ်။ ဗီဒစ်က "ဘောလုံးကစားနည်းကို မင်းတို့သိပါတယ်၊ အဲဒါက ပြင်းထန်မှုပဲ။ မြန်မြန်လုပ်မှရမယ်။ ကစားသမားတွေက အရမ်းမြန်တယ်။ ဒီကောင်တွေက လေ့ကျင့်ရေးတိုင်းကို ပြိုင်နေကြတာဆိုတော့ နောက်ရာသီမှာ မင်းအသင်းမှာ ဆက်ရှိနေမလားဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါဟာ မင်းဘဝရဲ့ နောက်ဆုံးနေ့လို လေ့ကျင့်ပြီး အဲဒီကစားသမားတွေ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါတယ်။ ပေါလ်စခိုးလ်ကို သတိရမိတယ်၊ နေ့တိုင်း သူလေ့ကျင့်ရေးကွင်းမှာ နောက်ဆုံးနေ့လိုပဲ ကစားနေတယ်။ ဒါဟာ မတူညီတဲ့အဆင့်ပါပဲ။ ပထမနှစ်ပတ်အတွင်းမှာ တခြားသူတွေ လုပ်ခဲ့တာတွေကို နားလည်ဖို့ ကြိုးစားခဲ့တယ်။ လေ့ကျင့်ရေးပြီးသွားတော့ ရွိုင်ယန်ဂစ်က ယောဂကျင့်တယ်၊ ဖာဒီနန်က ဂျင်မ်မှာ၊ ရော်နယ်ဒိုက စက်ဘီးစီးတယ်၊ ရွန်းနီက အဆုံးသတ်ကောင်းအောင်လေ့ကျင့်နေတယ်။ ငါ့ကိုယ်ငါပြန်ကြည့်တယ်၊ ငါ့ခန္ဓာကိုယ်ကိုမြင်ရတယ်။ ငါ့ခြေထောက်တွေက သန်မာပေမယ့် တစ်ခြားလိုအပ်ချက်တွေ ပိုကောင်းအောင်လုပ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။ ကလပ်ကတစ်ဆင့် အဖွဲအစည်းရဲ့ စိတ်ဓာတ်ကို မင်းနားလည်ရပါမယ်။ သူတို့သွားတဲ့လမ်းကြောင်း ကို လိုက်ရင်လိုက် ဒါမှမဟုတ် အဲဒီမှာဆက်မနေနဲ့တော့"လို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #ဗီဒစ် #ပရီးမီးယားလိဂ်