ရှေ့သို့
Image

အာတီတာက သူ့ကိုပြန်လည် ခေါ်ယူဖို့ ဂါဇီဒစ်ကို တိုက်တွန်းခဲ့ကြောင်း မာတီဆက်ကာ ထုတ်ဖော်ပြောကြား

10:09 AM, 25 April

၂၀၁၆ ဇူလိုင်တုန်းက အာတီတာတစ်ယောက် သူ့စိတ်ကို အပြီးသတ်ချမှတ်ခဲ့ပြီး အာဆင်နယ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက “တော့တင်ဟမ်အတွက် သူ့ရဲ့နည်းပြအဖွဲ့ဝင်အဖြစ် အာတီတာကို အလိုရှိခဲ့ပေမယ့် သူကတော့ ဂွါဒီယိုလာရှိတဲ့ စီးတီးကိုသာ ပြောင်းခဲ့တာဖြစ်ပါတယ်။ သူထွက်ခွာချိန်မှာ ဂါဇီဒစ်ကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မင်းအနေနဲ့ ဒီလူကို ဆုံးရှုံးလို့မဖြစ်ဘူး။ သူ့ကို တစ်နေရာရာအတွက် ခေါ်သင့်တယ်”လို့ အာတီတာက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အာတီတာနဲ့ မာတီဆက်ကာတို့ဟာ အာဆင်နယ်ကို တစ်နေ့တည်းမှာ ရောက်လာခဲ့တာဖြစ်ပြီး ဝင်းဂါးလက်အောက်မှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့နောက် အာတီတာရဲ့တိုက်တွန်းမှုကနေ အကယ်ဒမီနည်းပြဖြစ်လာခဲ့ကာ ၂၀၁၈ မှာ ဝင်းဂါး ထွက်ခွာပြီးနောက် မာတီဆက်ကာက အာတီတာကို အလုပ်အတွက် ထောက်ခံပေးခဲ့ပါတယ်။

“ကျွန်တော် သူ့အတွက် စကားလုံးကောင်းတွေပြောပေးခဲ့ပြီး သူဘယ်လောက်ကောင်းတယ်ဆိုတာကို ကျွန်တော် သိထားသလို သူ့ကိုလည်း ယုံပါတယ်။ ဒါ့အပြင် ဂျာမန်သားက အာတီတာက သူ့ကိုထောက်ခံပေးခဲ့သလို အာတီတာကိုလည်း သူက ပြန်ထောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ရောက်ချိန်မှာ အမှတ်ပေးဖလား မရသေးပါဘူး။ အခုတော့ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေအများကြီးရယူချင်ပါတယ်။ ပြီးတော့ နောက်မျိုးဆက်တွေကိုလည်း တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ မာတီဆက်ကာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မန်စီးတီး အသင်းနဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အလွန်အရေးပါနေတာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #မာတီဆက်ကာ #ပရီးမီးယားလိဂ် #ဂါဇီဒစ်