ရှေ့သို့
Image

အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်ခွာတော့မယ့် မစ်လန်းနိုင်းစ်

9:50 AM, 25 April

အာဆင်နယ်စတား မစ်လန်းနိုင်းစ်က သူဟာ နွေရာသီမှာ လန်ဒန်ကလပ်ကနေ အလွတ်နဲ့ ထွက်ခွာမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ အာဆင်နယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အခုရာသီကို ဆောက်သမ်တန်မှာ အငှားကစားနေရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားဟာ အာဆင်နယ်အတွက် ၁၃၂ ပွဲအထိ ပါဝင်ကစားပေးထားပြီး နိုင်ငံအသင်းအတွက်တော့ ၅ ပွဲ ပါဝင်ကစားခွင့်ရထားပါတယ်။ ဒါပေမယ့် အာဆင်နယ်မှာ ဆက်နေဖို့ အဆင်မပြေတော့တာကြောင့် စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အလွတ်နဲ့ ထွက်ခွာတော့မှာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ မစ်လန်းနိုင်းစ်က “တကယ်ကောင်းတဲ့ ခရီးတစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ အာဆင်နယ်နဲ့ အပြီးသတ်ရတော့မှာပါ။ ကျွန်တော် စိန်ခေါ်မှုအသစ်နဲ့ အိမ်အသစ်ရှာရပါတော့မယ်။ တစ်ချိန်တည်းမှာ ကျွန်တော် ဆောက်သမ်တန်မှာ အကောင်းဆုံး လုပ်နိုင်ခဲ့သလို သူတို့ကို ကူညီပေးချင်ပါတယ်။ ရာသီကုန်ဆုံးဖို့ နီးလာချိန်မှာ ကျွန်တော် တစ်စုံတစ်ခုကို တွေးထားပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဘောလုံးကိုပဲ အာရုံစိုက်ကစားမှာပါ။ ဆောက်သမ်တန်က ထိပ်တန်းအသင်းတစ်သင်းပါ။ ကျွန်တော် တိုးတက်လာအောင်လည်း ကူညီပေးသလို မိနစ်အချို့ရအောင်လည်း အခွင့်အရေးပေးခဲ့ပါတယ်။ သူတို့ ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် ဒီမှာဆက်နေမှာပါ”လို့ မစ်လန်းနိုင်းစ်က ပြောကြားခဲ့ပါတယ်။

မစ်လန်းနိုင်းစ်နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းတော်တော်များများက ခေါ်ယူချင်နေကြပါတယ်။ ဆောက်သမ်တန်အသင်း အပြီးသတ်ခေါ်ယူဖို့တော့ မျှော်လင့်နေပေမယ့် လက်ရှိအနေအထားမှာ အသင်းက အမှတ်ပေးဇယားအောက်ဆုံး ရောက်နေပြီး လက်ကျန် ၆ ပွဲက တန်းမဆင်းရဖို့ အရေးပါနေတာဖြစ်ပါတယ်။

#အာဆင်နယ် #မစ်လန်းနိုင်းစ် #ပရီးမီးယားလိဂ်