ရှေ့သို့
Image

ဝမ်ဘစ်ဆာကာရဲ့ အရည်အသွေးအပေါ် ချီးကျူးမှု ပြုလုပ်လိုက်တဲ့ လက်စတာအင်ဂျင် မက်ဒီဆင်

3:29 PM, 24 April

ဝင်ဘာလေကွင်းကြီးအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရိုက်တန် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယူနိုက်တက်အသင်းက ပင်နယ်တီမှာ ၆ - ၅ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး ဘရိုက်တန် တိုက်စစ်ကစားသမား မီတိုမာကို ထိန်းချူပ်ပြသွားခဲ့တဲ့ ယူနိုက်တက်ကစားသမား ဝမ်ဘစ်ဆာကာကို မက်ဒီဆင်က ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားရရိုရေးအတွက် အဓိက အာရုံစိုက်လာတဲ့ ယူနိုက်တက် အသင်းက ဘရိုက်တန်အသင်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲကစားချိန်အတွင်းမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့တာကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဘရိုက်တန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသကာ အခြားကလပ်အသင်းကြီး နောက်တန်းအစွန်ကစားသမားကို မွှေနှောက်ကာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ဂျပန်လက်ရွေးစင်ကစားသမား မီတိုမာအနေဖြင့် ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဘစ်ဆာကို ထိုးဖောက်ရခက်ခဲပြီး ပွဲချိန်တစ်လျှောက်လုံး ဘစ်ဆာကာ ရဲ့ ထိန်းချူပ်မှုအောက်တွင် ရောက်နေခဲ့ရတာ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းရော ဘရိုက်တန် အသင်းကို ၆ဂိုး - ၅ဂိုး ရလဒ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

ပြိုင်ဘက် ကစားသမားများနဲ့ တစ်ဦးချင်းအတွေ့တွင် လျှော့ထိုးဟန့်တားရာ၌ ၇၈ ရာခိုင်နှုန်းအထိ အောင်မြင်မှုရထားကာ ဥရောပထိပ်တန်းလိဂ် ၅ခုအတွင် အကောင်းဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ ဘစ်ဆာကာရဲ့ ခြေစွမ်းနဲ့ ပက်သက်လို့ ဂျိမ်းမက်ဒီဆင်က“ဝမ်ဘစ်ဆာကာက တစ်ဦးချင်း ဘောလုံးယှဉ်လုရတဲ့အခါ အံ့အားသင့်ရတဲ့အထိ ကစားပုံကောင်းတာပါ။ ဒီနေရာမှာ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်တောင် ဖြစ်ရင်ဖြစ်နိုင်ပါတယ်” “ကျွန်တော် သတိထားမိသလောက် တောင်ပံတိုက်စစ်ကစားသမားတွေ အနေနဲ့ ဝမ်ဘစ်ဆာကာနဲ့ အတွေ့မှာ အားလုံးက ကြောင်ပျောက်ကုန်ကြရော”လို့ ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဒီဆင် #ဝမ်ဘစ်ဆာကာ #ပရီးမီးယားလိဂ်